🖤 Part- 25 🖤( final)

2K 70 9
                                    

[ Unicode ]

အ့ခုဆို သူမအား ရှောင်ဖယ်နေသည်မှာ တစ်ပတ်ပင်ပြည့် လေပြီ။ တကယ်တော့အ‌ပြောင်း‌ရွှေ့ကိစ္စနှင့်ရှူပ်နေ၍ သူမနှင့် မျက်နှာချင်းဆိုင်ဖို့ပင် အချိန်မရဖြစ်နေသည်။သူမဘက်မှ စကားပြောလာပေမယ့် ပြန်လည်ဖြေ ကြားဖို့ နေသွေး အဆင်‌မပြေခဲ့။ အဖုအထစ်ဖြစ်သွားတဲ့ စိတ်ရဲ့လမ်းကျဥ်း‌လေးအား ပြန်လည်ချောမွေ့ဖို့ရာ မစွမ်းနိုင်သေး။

သူမကတော့ သူမရဲ့ တာဝန်ဝတ္တရားတော့ ပျက်ကွက်ခြင်းမရှိပါဘဲ စိတ်ရှည်စွာနဲ့ ကျွန်တော့ရဲ့ ဝေယျာဝေစ္စများအား လုပ်ပေးနေဆဲဖြစ်သည်။ နံဘေးရှိ လွတ်နေသော နေရာလေးကြောင့် သူမထသွားပြီဆိုတာ သိလိုက်ရသည်။

နေသွေးမျက်နှာသစ်ပြီးသည်နှင့် သူမထုတ်ပေးထားသည့် အင်္ကျီလက်ရှည်လေးအား ဝတ်ဖို့လှမ်းလိုက်ပေမယ့် လမ်းတစ်ဝက်တွင်သာ ရပ်ဆိုင်းခဲ့ရသည်။ ခွင့်မပြုနိုင်တဲ့ စိတ်ညဉ့်ဆိုးအား ကျွန်တော်ကိုယ်တိုင်ပင် နားမလည်တော့။

" ‌အဖွားရောက်နေပြီလား ၊ ချစ်မွှေးလေး မောနင်း "

" အဖွား ပန်ပန်ပြီးပြီ သွားတော့မယ် ထမင်းချက်ချိန်မှ ပြန်လာခဲ့မယ် "

" ဘယ်သွားမလို့လဲ "

ပေစောင်းစောင်းကြည့်ကာ ဘာတွေစိတ်အလိုမကျဖြစ်နေ သည်မသိ ဆူပုတ်ပုတ်နဲ့မေးငေါ့ကာ ထွက်သွားသည့် ပန်ပန်ကြောင့် နေသွေးခေါင်းရမ်းမိသည်။

" မြေးလေး ပြန်အဆင်ပြေပါတော့လား လင်နဲ့မယားဆိုတာ ဒီလိုဖြစ်တတ်တယ်ဆိုပေမယ့် အသေးအဖွဲလေးကအစ ပြဿအကြီးအကျယ်ဖြစ်ခဲ့ရင်တော့ကိုယ်ကယောက်ျားလေးဘဲအလျော့ပေးမှပေါ့ "

" ‌သားနားလည်ပါတယ် သားကြိုးစားပါမယ် "

နေသွေးကော်ဖီသောက်ပြီးသည်နှင့် မျက်နှာမမြင် ရသေးသည့် သူမအားမေးဖို့ပြင်မိပေမယ့် စိတ်ထဲမှာသာ မျိုသိပ်ထားလိုက်သည်။ အဖွားနှုတ်ဆက်ပြီး၍ နေသွေး ဆေးခန်းလေးစီထွက်လာခဲ့သည်။

အရင်နေ့များလို သူမရဲ့မျက်နှာလေးမတွေ့ရ၍ စိတ်ကအလို လိုညစ်ထွေးလာရသည်။ စကားပြောဖို့မကြိုးစားခဲ့ပေမယ့် နေ့သစ်တိုင်းကိုတော့ သူမမျက်နှာလေး‌အား တွေ့ချင်မိ သည်။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now