[ Unicode ]
ဒီနေ့လေးက နေသွေးအတွက်စောင့်စား ရင်ခုန်ခဲ့ရသည့် လက်ထပ်မင်္ဂလာပွဲလေးပင်။ နေသွေးစိတ်လှုပ်ရှားလွန်း၍ ရှေ့လျှောက်နောက်လျှောက်နှင့်သာ
" နေသွေး မင်းဟာကလဲ ထိုင်နေပါကွာ မျက်စိတွေကို နောက်နေပြီ "
" အေးလေကွာ မင်း သတိုးသမီးက ဘယ်မှမပြေးဘူး "
" သိပါတယ်ကွ ဒါပေမယ့် ငါကအ့ခုမှဆောင်ဖူးတာလေကွာ အ့တော့စိတ်လှုပ်ရှားတာပေါ့ "
" အော် မင်းပြောမှဘဲ ငါတို့ကခဏခဏဆောင်နေတာကြ နေတာဘဲ "
" ပြောမနေပါနဲ့ မင်းထက်ရာ အ့ခုချိန်သူ့ပြောနေလဲ ကျွဲပါးစောင်းတီး ဘဲဖြစ်မှာ "
" သိရင်လဲ ပြီးရောကွာ "
မကြာမှီစတင်လာသည့် မင်္ဂလာခန်းမထဲမှ ဘိသိက်သွန်းသံ ကြားရတော့သည်။
ကျွန်တော့် နံဘေးတွင်နေရာယူထားသည့် ဒီနေ့ရဲ့ အလှဆုံး အမျိုးသမီးလေးအား ပိုင်ဆိုင်ရပြီဆိုသောစိတ်က ရူးမတက် ပါဘဲ။ ထိုမျှအထိ သူမက ကျွန်တော်ရဲ့အရာအားလုံးကို ညှို့ယူထားခဲ့သည်။အများမြင်ကွင်းမှာအရမ်းလှသည့် သတိုးသားနဲ့သတိုးသမီး လေးဆိုပေမယ့် ကျွန်တော့ရဲ့ မြင်ကွင်းလေးထဲမှာတော့ ကျွန်တော့်လက်မောင်းထက် ချိတ်ဆွဲထားသည့် သူမက မလွတ်မြောက်နိုင်လောက်အောင် ညှို့ယူထားသည့် ငေးမောစရာ မြင်ကွင်းလေးပင်။
" သတိုးသားကြီးရယ် ရှေ့လဲကြည့်ပါဦး မှောက်ယက်လဲနေ ဦးမယ် "
" ငါသိပါတယ် စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်နေပါတယ်ဆို ဆေရိုးသည်ကကန့်လန့် နဲ့ "
" သူတောင်းစား တစ်ချိန်ကငါ့စီအကူညီလာတောင်းတုန်းက အ့ရုပ်မဟုတ်ဘူး "
" တော်ပါ ဝေယံရာ သူ့အကြောင်းလဲမသိတာမဟုတ်ဘဲနဲ့ "
" ချေမိုး ဘာဖြစ်နေတာလဲ စိတ်မကြည်လို့လား မျက်နှာက နဲနဲစိတ်ညစ်နေပုံပေါက်နေသလိုဘဲ "
" အ့လောက်တောင်လား သိတာနေတာလား ၊ အ့တာနေသွေးကြောင့်လေ မဝတ်ချင်ပါဘူးဆို ဒါကြီးဝတ်ခိုင်းတာလေ ဟိုကယား ဒီကယားနဲ့ တကယ်ထဲ အနောက်က အမြီးကြီးကတစ်မျိုး တစ်ယောက်ထဲကို အလုပ်ရှုပ်နေတာလေ "

YOU ARE READING
👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )
Romance[ Unicode ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... [ Zawgyi ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... START DATE - 6 . 8 . 2021 END DATE- 6 . 10 . 2...