🖤Part- 5 🖤

640 46 5
                                    

[ Unicode]

အိပ်ယာထ နံနက်ခင်းလေးရဲ့သာယာခြင်းသည် တခြားသူတွေအတွက်သာဖြစ်လိမ့်မည်။ကျွန်တော့ရဲ့ နံနက်ခင်းလေးကတော့

" ကိုကိုရေ့.…..ကိုကို မထသေးဘူးလား နောက်ကျနေပီ သူများတွေရေကစားနေပီ သွားမယ် ထတော့ ..ထသေးဘူးလား "

" အင်းအင်း ကိုကိုထပြီနော် ချစ်မွှေးလေးပြင်ထားလိုက်"

" ပြန်အိပ်မနေနဲ့နော်..."

ဒီနေ့ သင်္ကြန်ပထမဆုံးနေ့ပါလား။ကျွန်တော် မေ့နေပြန်ပီ ဆေးရုံတတ်ပီးထဲက လူကမေ့တေ့တေ့ရယ်...။

* Flashback *

သရက်ပင်ပေါ်မှ ပြုတ်ကျသည့်နေ့
အပင်ပေါ်မှ ခုန်ချသည့် ချေမိုးကြောင့် နှစ်ယောက်သားထပ်လျက် လဲကျရာ ချေမိုးက အပေါ်ကဖြစ်၍ သက်သာသေးသည်။ နေသွေးခမျာ ချေမိုး ခန္ဓာကိုယ်အား ထိန်းထားရသဖြင့် မနိုင်ဘဲနှစ်ယောက်လုံးလဲကျရာမှ မြေကြီးအား အရှိန်ဖြင့် ဆောင့်မိကာ မေ့လဲသွားသည်။

" နေသွေးး..နေသွေးးး"

ထိုအချိန်မှ လှေကားသွားယူသည့် ဘွားလေးလဲပြန်ရောက်လာသည်။အကုန်လုံး ပြာယာကာ နေသွေးအား ဆေးရုံတင်လိုက်ရသည်။ ပန်ပန်နှင့် ချေမိုးကတော့ အပြစ်လုပ်ထားကြ၍ ခပ်လှမ်းလှမ်းကပင် စိတ်ပူစွာ ငေးကြည့်နေရသည်။ နေသွေးဒဏ်ရာရတိုင်း ချေမိုး မျက်ဝန်းတို့သည် မျက်ရည်တို့နှင့် ပြည့်လျှံနေလေ့ရှိသည်။

နေသွေးရရှိတဲ့ဒဏ်ရာတိုင်းဟာ ချေမိုးနဲ့မလွတ်ကင်း ခဲ့ ။ထိုအချိန်တိုင်း ချေမိုးတစ်ယောက် မိမိကိုယ်ကို အခန်းအောင်းကာ ဒဏ်ခတ်လေ့ရှိပြန်သည်။ ယခုလဲ နေသွေးဆေးရုံတတ်နေစဉ်အတွင်း ချေမိုးအား မြင်ရမည်မဟုတ်။

" ရေ...ရေပေးပါ "

" ဟင် သားလေးသတိရပီလား မေမေ့ကိုရော မှတ်မိလားဟင် ၊ သား ဖေဖေလေ ဖေဖေ၊အဖွားကို ရောမှတ်မိရဲ့လား "

" ရေပေးပါ ရေဆာလို့ "

" အင်းအင်း သားလေးရော့...🥛🥛"

" သားအကုန်မှတ်မိပါတယ် ချစ်မွှေးလေးရောမပါဘူးလား "

" ပါတာပေါ့ သားရဲ့ တော်သေးတာပေါ့သားရယ် မေမေဖြင့် စိတ်ပူသွားတာဘဲ မသေကောင်းမပျောက်ကောင်း "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now