[ Unicode ]
ညစာစားပြီး၍ ချစ်မွှေးလေးနှင့်အတူ အိမ်ရှေ့ ခုံတန်းလျား လေးတွင် ထိုင်နေစဉ် ခြံထဲသို့ကားတစ်စီး ဒုန်းဆိုင်းဝင်လာ ပြီး ဆင်ဝင်အောက်တွင် ထိုးရပ်လိုက်သည်။
" ဖေဖေတို့မဟုတ်လား ကိုကို့ ဘာကိစ္စရှိလို့ ညတွင်းချင်း ရောက်လာတာလဲမသိဘူး "
" အင်း ကိုကိုလဲအ့တာဘဲစဉ်းစားနေတာ "
ကားပေါ်မှ ခပ်ကျဲကျဲခြေလှမ်းတို့ဖြင့် ကျွန်တော်ရှိရာစီသို့ ဦးတည်နေသည့် မေမေပုံစံက ဒေါသတို့ အထွဋ်အထိပ် ကိုရောက်နေသည့်ပုံ
" မေမေ ည... "
ဖြန်းး !
" မေမေ ကိုကို့ ကို ဘာလို့ရိုက်တာလဲ "
" ဘာလို့ဒီလောက်မိုက်ရူးရဲဆန်ရတာလဲ ဟမ် နေသွေးအောင် အကုန်စီစဉ်ပြီးကာမှ အ့ခုမှဘာထဖောက် တာလဲဟမ် ၊ အစကတော့ ငါ့သားလေးကငါ့စကားကို နားလည်သွားပြီထင်နေတာ ခွေးမြီးကောက်ကျည်တောက် စွပ် ဒုံရင်းကဒုံရင်းဘဲ ယုံကိုးမိတဲ့ ငါကိုမှားတာ "
" ဒါကကိုကို့ ရွေးချယ်မှုလေ မမမေယုကတောင် လက်ခံသေးတာ မေမေကဘာဖြစ်နေတာလဲ ၊ မေမေလုပ်ရပ်တွေက တရားလွန်နေပြီ "
ပန်ပန်အား ရိုက်ဖို့ပြင်နေသည့် ဒေါ်မူယာခင်လက်အား နေသွေး တားလိုက်သည်။
" ဒါသားလုပ်တဲ့ကိစ္စ ညီမလေးနဲ့မဆိုင်ဘူး ရိုက်ချင်သားကို ရိုက် ညီမလေးကို ရိုက်စရာမလိုဘူး "
" ခင် မင်းဘာလုပ်လိုက်တာလဲ ကိုယ့်သားသမီးဘဲ ပါးစပ်ကပြော ရပါတယ် ရိုက်ဆုံးမရမယ့် အရွယ်လဲ မဟုတ်တော့ဘူး ၊ ကိုယ့်သားသမီးမို့ ရိုက်ဆုံးမတယ်ဆိုရင် လဲ ကိုမကြိုက်ဘူး နောက်တစ်ခါ အ့ခုလိုအပြုမူမျိုး ထပ်မလုပ်ပါနဲ့ ကျန်တာဆို ကိုသည်းခံနိုင်တယ် ဒါမျိုးတော့ ကိုသည်းခံမှာမဟုတ်ဘူး ၊ ပြီးတော့ သမီးငယ်ပြောသလိုဘဲ ဒါသားရဲ့ရွေးချယ်မှုဘဲ သူတို့လူငယ်ချင်းတောင် နားလည် မှုယူထားပြီးပြီဘဲ ဘာလို့ခင်ကဇွတ်ဖြစ်နေရတာလဲ "
" အေး ဟုတ်တယ် ဒီလူဆိုးမကြီး မကောင်းတာ အကုန်ငါ့အပြစ်တွေချည်းဘဲ "
YOU ARE READING
👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )
Romance[ Unicode ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... [ Zawgyi ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... START DATE - 6 . 8 . 2021 END DATE- 6 . 10 . 2...