🖤 Part- 14 🖤

599 51 0
                                    

[ Unicode ]

အ့ခုဆို သူမနှင့်မတွေ့ရတာတစ်ပတ်ပင်ရှိပြီ။ ထိုနေ့လေးမှစ၍ လမ်းတွေ့လျှင်ပင် လူကို သရဲသဘက် တွေ့သလို ပြေးထွက်သွားသလို၊ မမြင်ဟန်ဖြင့် ဘာမှပြောချိန် မရအောင်ပင် သူမကအလျင်အမြန် ထွက်သွားပြန်သည်။ ‌ရှင်းပြချိန်၊စကားပြောချိန်‌ပင် မပေးသည့် သူမကြောင့် နေသွေးတစ်ယောက် နေမထိထိုင်မသာ ဖြစ်နေရသည်။ နောက်နေ့မှသာ သူမနောက်မှ ကောင်လေးက သုတ‌ဖြစ်နေမှန်း နေသွေးသိလိုက်ရသည်။

ရှောင်ပုန်းနေသည့် တရာခံလေးအား အပြစ်ပေးမှဖြစ်တော့ မည်။ထိုတရားခံလေးအတွက် နှလုံးသားစီရင်ထုံးအနေဖြင့်
နှလုံးသားထဲမှာ တသက်သာ သော့ခက်သိမ်းထားမည့် စီရင်ချက်အားချမှတ်ရလိမ့်မည်။ထို့ကြောင့် ဆေးခန်းမသွား ခင် သူမထံသို့ အပြေးနှင်ခဲ့သည်။

" ‌သုတ "

" ဗျာ အစ်ကိုနေသွေး "

" ချေမိုးရော အခုတလော မတွေ့ဘဲမတွေ့မိတာလား တမင်ရှောင်နေတာလား မသိပါဘူး "

" အစ်ကိုနေသွေးက ဘာလုပ်လိုက်မှန်းမှမသိတာ "

" ...ဘာ..ဘာလုပ်ရမာလဲ ဘာမလုပ်ပါဘူး "

" မသိဘူးလေ မမဆေးခန်းကပြန်လာထဲက မျက်နှာကြီးကလဲရဲနေတာဘဲ ,ဟင်းးးးး ကျွန်တော်‌သိသလိုလိုဘဲ "

" ဘာသိတာလဲ သူ့ဟာသူ ငိုထားလို့မျက်နှာရဲနေတာနေမှာပေါ့ "

" အစ်ကိုနေသွေးရာ ကျွန်တော်လဲ အရွယ်ရောက်နေပါပီဗျ အ့လောက်ကတော့ ကျွန်တော်ရိပ်မိပါတယ် "

" အေးပါကွာ အ့ခုရော သူဘယ်မှာလဲ "

သုတညွှန်ကြားသည့်အရပ်ဆီသို့ လာတော့ အဝေးမှမြင်နေရ သည့်သူမ ။ ဘာတွေစဉ်းစားခန်းဖွင့်နေသည်မသိ အခါတိုင်း စည်းလေ့ရှိ‌သည့် ဆံနွယ်ပျော့ပျော့က အရှေ့ရပ်မှထွက်လာ သည့် ရောင်နီတို့နည်းတူ ပုခုံးထက် ဖြာကျကာ နားတစ်ဖက် တွင်လဲ ပန်းလေးတစ်ပွင့်အား ဆင်မြန်းထားပြန်သည်။ တစ်နေ့ထက်တစ်နေ့ သူမကဘဲ လှလာသလား ၊
ကျွန်တော်ဘဲ အချစ်တွေတိုးလာ၍လား မသိတော့ ။

သူမပုံရိပ်တိုင်းက ကျွန်တော့အတွက်ရုန်းမထွက်မနိုင်သည့် ကျော့ကွင်းပင်...။ ပန်းခင်းအလယ်ရှိ နားနေဆောင်မှ သူမက ကျွန်တော့ရဲ့အရာအားလုံးထဲမှ ကျွန်တော် အမြတ်နိုးဆုံး လူသားတစ်ဦးဖြစ်လာသည်တဲ့လေ ....။
အနားရောက်သည်အထိပင် သူမ သတိမထားမိသေး ။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ