🖤 Part- 17 🖤

1.2K 43 0
                                    

[ Unicode ]

နံနက်ခင်းတေးသံသာ ငှက်ကလေးများ၏ တကျာကျာအော် သံသည်လဲ အရင်နေ့များနှင့် မတူကွဲပြားနေသည်လား။ မျက်လုံးဖွင့်လိုက်သည် ခပ်မှိန်မှိန်မျက်နှာကျက်နည်းတူ ခပ်မှိန်မှိန်မျှော်လင့်ချက်တို့နှင့် နိုးထလာသည်။ အရင်လို တတ်ကြွလန်းဆန်း နေတတ်သူက ယခု အရှူံးသမားနှယ် ခေါင်းငိုက်ဆိုက်နှင့် ထိုင်နေခဲ့သည်။

ဒေါက် ဒေါက်

" မြေးလေး နိုးပြီလား ဆေးခန်းသွားဖို့နောက်ကျနေပီနော် "

" ဟုတ်အဖွား သားနိုးပြီ "

မသွားချင်ပေမယ့်လဲ သွားရပေဦးမည်။ သူမကိုမတွေ့ရတာ  ရက်အတော်ပင်ကြာခဲ့ပြီ ။ မတော်တဆ လမ်းမှာတွေ့ရင် တောင် သူစိမ်းတွေလို မသိဟန်ဆောင်တတ်သလို ၊ အကြောင်း အမျိုးမျိုးပြ၍လဲ ရှောင်ဖယ်သွားပြန်သည်။ ကျွန်တော် လိုချင်ခဲ့တဲ့အချစ်က ဒီလိုဖြစ်ခဲ့သည်လား ။

အ့ခုဆိုသူမရဲ့အပြုံးတွေကို ကိုယ်ကလွဲလို့ တခြား‌သူတွေနဲ့ အတူရှိနေရင်သာ မြင်တွေ့ရတော့သည်။ သူမအများကြီး ပြောင်းလဲသွားခဲ့သည်ဟု ဆိုရမလား ။

စိတ်မပါပေမယ့် ထမ်းဆောင်ရမည့် တာဝန်ကရှိနေသေး၍ နေသွေး ယိုင်တိုင်တိုင်နှင့်သာ ရေချိုးခန်းဆီသို့

" အဖွား သားသွားတော့မယ် "

" နေ‌ဦးလေ မနက်စာစားသွားဦးမှပေါ့ "

" မစားတော့ဘူး အဖွား သားနောက်ကျနေပီ "

" ဒါဆို ကော်ဖီဘူးလေး ယူသွားလိုက်လေ နေ့လည်စာကဘယ်ချိန်မှမှန်းမသိဘူး "

" ဟုတ် ၊ မေမေရော ပြန်သွားပီလား "

" အင်း သားမနိုးတာနဲ့နှုတ်ဆက်မသွားတာ "

" အော် သားသွားပီ "

အဖွားပြင်ပေးသည့် ကော်ဖီဘူးလေးနှင့်အတူ ဆေးခန်းဆီသို့။

******************
‌ဆေးခန်းမှ စောစောဆင်းကာ သူမရှိရာ သပြေပင်ကြီးဘေး ရှိ‌ဆီဆိုင်လေးသို့ ထွက်လာခဲ့သည်။ တိကျတဲ့အဖြေတစ်ခု အတွက် ရှောင်ဖယ်စိမ်းကားနေသည့် သူမအား အမိအရဖမ်းယူ စစ်ဆေးရတော့မည်။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now