🖤 Part -2 🖤

1K 49 11
                                    

[ Unicode ]

နေ့လည်စာ ထမင်းစားချိန်ရောက်တော့ အခါတိုင်း စောစောလာနေကြ မယ်မင်းကြီးမ ပေါ်မလာသေးတာ ကြောင့်လူကခပ်လန့်လန့်ပင်ဖြစ်နေသည်။နောက်ဆုံး သူ့အခန်းဘက်သွားကာ အခန်းထဲကြည့်မိတော့ မတ်တပ်ရပ်နေသည့် ချေမိုးအား တွေ့ရသည်။ဒီငမွှေထိုး ဘာတွေမွှေထားသည်မသိ...။သူတို့အခန်း ဝင်နေသည့်ဆရာမက စည်းကမ်းကြီး၍ ကျောင်းသား တိုင်းကြောက်ကြသည်။ထို့ကြောင့် မလှမ်းမကမ်း ဝရံ တာမှ စောင့်နေလိုက်သည်။
ဆရာမထွက်သွားကာမှ အခန်းရှေ့သွားကာ မယ်မင်းကြီးမအား‌ ရောက်ရှိနေပြီဆိုတဲ့အကြောင်း လက်လှမ်းပြတော့ အီးမှန်နေသည့်ရုပ်နှင့် ထမင်းချိုင့် ကြီးဆွဲကာထွက်လာသည်။

" ဘယ်လိုဖြစ်တာလဲ စာသင်တာ မက်တပ်ကြီး "

" ဘာဖြစ်ရမှာလဲ မနက်ကကျောင်းနောက်ကျလို့တဲ့ အတန်းပိုင်က မနက်ခင်းတစ်ချိန်လုံး စာမက်တပ်ရပ် သင်ရမယ်တဲ့ အ့လိုကြီးကြ ဆရာမကမမိုက်ပါဘူး ဟာ "

" နဲတောင်နဲသေးတယ် အ့ကြောင့် စောစောထပါပြော တာကို ထမှမထဘဲ နင့်အပြစ်နဲ့နင်ခံ "

" နင်ကလေ ငါဆိုပြောဖို့ဘဲချောင်းနေတာ ထမင်းစား ဖို့လာခေါ်တာမလား ဟီးးးရော့ယူခဲ့ဦး "

" ငါ့များသူ့အခိုင်းစေကြီးကြနေတာဘဲ "

" လာပါ ပွစိပွစိပြောမနေနဲ့ နောက်ကျနေရင် ငါထပ်မက်တပ်ရပ်နေရလိမ့်မယ် လာပါ သွားမယ် "

🕓🕓Time Skip 🕓🕓

မိုးတွင်းမလို့ မိုးရွာတာမဆန်းပေမယ့် ကျောင်းဆင်း ချိန်ရောက်ခါနီးရင်တော့ မိုးရွာရန်အစပျိုးနေသည့် မိုးစက်ဖွားဖွားလေးများက ကြလာပြန်သည်။မကြာမီ သံချောင်းခေါက်သံကြားရ၍ ဆရာ၊ဆရာမများအား နှုတ်ဆက်ကာ ကျောင်းဆင်းတော့သည်။
ချေ‌မိုးအခန်းရှေ့ရောက်တော့

" ချေမိုး ငါဒီမှာ....🖐️"

ထိုအခါ ရှပ်ပြာပြာနှင့်အနားရောက်လာသူ။နှစ်ယောက်သား စက်ဘီးတန်းရောက်တော့ မိုးကအနဲ ငယ်ရွာနေပြီ ။ထိုစဉ် မိုးရေထဲသို့ ထွက်သွားရန်ပြင်နေ သည့် ချေမိုးလက်အားဆွဲကာ

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now