[ Unicode ]
" ချေမိုး နေမကောင်းဘူးလား "
" ကောင်းပါတယ် "
" ကောင်းပါတယ်လဲဆိုသေး အားမရှိတဲ့ရုပ်ကြီးနဲ့ စိတ်ညစ်စရာရှိနေတယ် ဆိုရင်လဲ ပန်းဖြူကိုရင်ဖွင့်လို့ရ တယ်နော် ချေမိုးအတွက် အကြံဉာဏ်ကောင်းတွေမပေးနိုင် လောက်ပေမယ့် အနည်းဆုံးရင်ထဲပေါ့သွားတာပေါ့ "
" ပန်းဖြူ "
" ဟင် "
" တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ဆို အဆင့်အတန်းတွေလိုလို့လားဟင် တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင် ရပြီမဟုတ်ဘူးလား "
ချေမိုးစကားအဆုံးမှာ ပန်းဖြူပြုံးလိုက်မိသည်။
" ငါပြောတာ မှားလို့လား "
" မမှားပါဘူး ဒါပေမယ့်လဲ မမှန်ပြန်ဘူး "
" ဘာလို့လဲ "
" ဒီလိုလေ ချေမိုးရဲ့ ချေမိုးပြောသလို တစ်ယောက်နဲ့ တစ်ယောက်ချစ်နေတယ်ဆိုရင်တော့ အဆင့်အတန်းဆိုတာ မလိုအပ်ဘူးပေါ့ ဒါပေမယ့်လဲ အ့လိုချစ်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ ချေမိုးနားလည်အောင်ပြောရရင် ဥပမာ အင်ဂျင်နီယာကလဲ သူနဲ့တန်းတူတဲ့သူဘဲရွေးမှာလေ ဆရာဝန်ဖြစ်ဖြစ် ၊ ကျူတာဖြစ်ဖြစ်ပေါ့ အ့လိုသူနဲ့အဆင့် တန်းတူတဲ့ သူကိုဘဲ ကြိုက်ကြတာလေ ဘယ်အင်ဂျင်နီယာ ၊ဘယ်ဆရာဝန်တွေက ရွာဇနပုဒ်က တောသူတွေကို ကြိုက်လို့လဲ သူတို့က ပန်းဖြူတို့လို တောသူတွေ နဲ့ ယှဉ်လိုက်ရင် သူတို့နဲ့အဆင့်တန်းတူ ဒါမှမဟုတ် သူတို့ထက်သာတဲ့သူကို ရွေးမှာပေါ့ ၊ အားလုံးကို မဆိုလိုပေမယ့် အများအားဖြင့်က အ့လိုဘဲလေ "
ပန်းဖြူစကားဆုံးသည်နှင့် ချေမိုးခေါင်းထဲ အတွေးတစ်ချို့ တို့နေရာယူလာခဲ့ရသည်။
အရှေ့မှပန်းဖြူကတော့ အားကြိုးမာန်တက်တွေ ပြောပြနေ သည်ကို ချေမိုးနားထောင်နေသည်လားဆိုလျှင် ထူးခြားမှုမရှိပါဘဲ ဘေးမှမြေပြင်အား ပျောက်ကွယ်သွား မည်အလား အကြောင်းမဲ့ စိုက်ကြည့်နေသည်က သက်သေပင်။" ချေမိုး..ချေမိုး "
" ဟင်..ဟင် "
ပခုံးအားလှုပ်၍ ခေါ်ကာမှ အိမ်မက်ကလန့်နိုးလာသူလို မျက်တောင်လေးပုတ်ခါဖြင့် ကဗြာကယာ ထူးရှာသည်။
YOU ARE READING
👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )
Romance[ Unicode ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... [ Zawgyi ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... START DATE - 6 . 8 . 2021 END DATE- 6 . 10 . 2...