🖤 Part- 9 🖤

564 45 3
                                    

[ Unicode]

ချေမိုးတို့အိမ်သွားကာ စက်ဘီးပြန်ယူပြီး ချေမိုးအား အိမ်သို့တစ်ခါတည်းခေါ်လာခဲ့သည်။

" ချေမိုးလေးရော ပါလာတာလား လာလာ "

" ဟုတ်တယ် အဖွား ,ပန်ပန်ရော ဘယ်ရောက်သွားလဲ နေသွေးလာမယ်ဆိုတာ သမီးကိုလျှိုထားတယ် "

ထိုစဉ်အပြင်ထွက်လာသည့် မေယုအားမြင်တော့ ပြူးတူး ပြူးပြဲနှင့် ကျွန်တော့နားကပ်လာကာ တိုးတိုးလေးပြောလာ သည်။

" နေသွေး နင်မိန်းမခိုးလာတာလား "

ချေမိုးစကားကြောင့် နေသွေးပင် ခေါင်းကြီးသွားရသည်။

" ဟာာာ မဟုတ်ပါဘူးဟာ အ့တာကျောင်းကအလည်လိုက် လာတဲ့သူငယ်ချင်း ကျန်တဲ့နှစ်ကောင်ကအပေါ်မှာ နားလို့"

ထိုအခါမှ ပြုံးစိစိနှင့် မေယု ထိုင်‌နေသည့် အပြင် စားပွဲဝိုင်းလေးနားသို့ သွားထိုင်နေသည်။အပြင်ဘက်တွင် ထိုင်နေသည့် ချေမိုးနားသို့ မလှမ်းမကမ်း တံခါးဝမှ စပ်ဖြီးဖြီးမျက်နှာနှင့် ထွက်လာသည့် ပန်ပန်အား မြင်တော့

" လာပါဦး ဒေါ်ပန်ပန် ရှင်က ကျွန်မကိုသစ္စာဖောက်တာပေါ့လေ "

" ဟီးးး မဟုတ်ပါဘူးမမရဲ့ ကိုကိုက မပြောခိုင်းလို့ပါ ပန်ပန်ကပြောချင်တာမှ ပါးစပ်ကိုယားလို့ "

" ဟင်းးးး အ့ခုမှလာမဖားနဲ့ "

ချေမိုးလဲ ထိုင်ရာမှထလာကာ ပန်ပန်အားဖမ်းတော့ ပန်ပန်တို့အရိပ်ပင်မြင်ရတော့ တံခါးဝမှ အိမ်ထဲသို့ လျစ်ခနဲ ပြေးဝင်သွားလေသည်။ ချေမိုးလဲ ပန်ပန်နောက်ပြေးလိုက် ကာအပေါ်ထပ်သို့တက်ရန် လှေကားဘက်အသွား

ဒုတ်.....အ့

" အ့ ....ဘာကြီးလဲဟ "

‌ခြေထောက်မြင်ကာမှ လူတစ်ယောက်အား ဝင်တိုက်မိမှန်း ချေမိုးသိတော့သည်။အပေါ်ထပ်မှ ဆင်းလာသည့် သူတစ်ဦးအားချေမိုးဝင်တိုက်မိခြင်းပင် ။နာသွားသည့်ခေါင်းအားပွတ်ကာ ထိုသူအားရန်တွေ့လိုက် သည်။

" လူတစ်ယောက်လုံးတောင် မမြင်ဘူးလား၊ ပြီးတော့ လူရော ဟုတ်ရဲ့လား မာလိုက်တာ ခေါင်းတောင် ဖုသွားလားဘဲ နံရံကြီးများလား အောက်မေ့ရတယ် "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now