🖤Extra 🖤

1.3K 64 4
                                    

[ Unicode ]

အလုပ်သွားဖို့ရာ နေမြင့်နေပြီဖြစ်၍ စောင်ပုံထဲမှ မောင့်အား နှိုးဖို့ပြင်ရတော့သည်။ကျောင်းပိတ်ရက်ဖြစ်၍ သမီးလေးပင် မနက်စာစားပြီး အိမ်လည်ထွက်လေပြီ ။ မောင်ဆိုတဲ့ အိပ်ပုတ်ကတော့ နေဖင်ထိုးထိ အိပ်မယ့်ပုံ ။ အိပ်ပုတ်လေး နံဘေးဝင်ထိုင်လိုက်သည်ဆိုလျှင် ကိုယ့်ပေါင်ပေါ်သို့ ခေါင်းအုံးရင်းမှ ပြန်လည်မှေးဆက်နေပြန်သည်။

" မောင် မထသေးဘူးလား ဆေးရုံသွားဖို့‌ နောက်ကျနေပြီ သမီးလေးတောင် ပန်ပန်တို့အိမ် အလည်သွားပြီ၊မောင်ကမထ‌သေးဘူး ဘာလဲ ဒီနေ့ဆေးရုံမသွားဘူးလား "

" အင်း မောင်‌ဒီနေ့ခွင့်ယူထားတာ မောင့်မိန်းမနဲ့ သမီးလေးကို အချိန်‌မပေးနိုင်လို့ အ့ကြောင့် ဒီနေ့တစ်နေ့လေးခွင့်ယူလိုက်တာ "

" ဘာလဲ မောင်က စိတ်မကောင်းဖြစ်လို့လား "

" အင်းပေါ့ မောင်ကိုယ်တိုင်လဲ ပျော်ရွှင်တဲ့ မိသားစုကမ္ဘာလေး ဖန်တီးပေးချင်သေးတာပေါ့ အ့ခုတော့ မောင့်မှာ တစ်နေ့တစ်နေ့ အိမ်နဲ့ဆေးရုံဘဲ ကူးသန်းနေရတာ ဒီနေ့တစ်နေ့လုံး မောင်အိမ်မှာဘဲနေမလို့ ပြီးတော့ မောင့်မိန်းမနားမကပ်ရတာလဲ ကြာပြီလေ ဟီးး ☺️☺️"

ချေမိုး စုတ်ဖွာဖွာလေးဖြစ်နေသည့် မောင်ဆံပင်လေးအား လက်ကဖြင့်ထပ်တိုးဖွပေးလိုက်တော့ ငြိမ်နေရှာသည်။

" ‌မောင်နော် ကဲပါ အိမ်နေမှာဆိုရင်လဲ ထတော့ ထချိန်ရောက်နေပြီ အောက်မှာမနက်စာပြင်ထားပြီးပြီ "

" ခဏလေးနေပါဦးလားကွာ မောင့်ရဲ့ရှားရှားပါးပါးယူထား ရတဲ့ ခွင့်လေးမှာ ကိုယ့်မိန်းမနားကပ်ပါစေကွာနော် "

" မောင်ကွာ ကလေးလား မထချင်လဲ ဖယ်ဦး ခေါင်းအုံးပေါ်ပြောင်းအိပ်‌လိုက် ချေမိုးအလုပ်ရှိသေးတယ် မောင်ရဲ့ "

တတွတ်တွတ်နဲ့ အလုပ်လုပ်ဖို့သာပြောနေတဲ့ ‌ဘေးမှအိမ်သူ အား ကုတင်ထက်သို့ ဆွဲချကာ အပေါ်မှ အုပ်မိုးထားလိုက် တော့ မျက်လုံးဝိုင်း‌ဝိုင်းလေးနှင့် ဘာလုပ်တာလဲဆိုသည့် သဘောဖြင့် မျက်လုံးပြူးကြည့်နေလေသည်။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now