🖤 Part- 19 🖤

838 42 0
                                    

[ Unicode ]

နားနေဆောင်လေးရဲ့ လရောင်ဖြာကျကာ ထိန်ထိန်လင်းနေ သည့် လှေကားလေးတွင် မြတ်နိုးရသူ အမွှေစိန်လေးကို ရင်ခွင်ထဲထည့်ကာ ခေါင်းလုံးလုံးလေးအား ရံဖန်ရံခါ နမ်းရှုံ့ နေသည့် ကောင်လေးကတော့ ရင်ခွင်ထဲမှ သူ၏ တစ်ခုတည်းသော ရည်ညွှန်းရာလေးအား ပိုင်ဆိုင်ရသည်ကို ပင် မယုံနိုင်ဖြစ်နေခဲ့သည်။

" နေသွေး နင်အရက်သောက်လာတာလား ၊ ပြီးတော့ အိမ်ထဲဘယ်လိုဝင်လာတာလဲ "

" ငါလား အရက်မသောက်ပါဘူးဟာ နင့်စီလာဖို့ သတ္တိမရှိ လို့ ရဲဆေးတင်လာရုံပါ ၊ အိမ်ထဲကတော့ ခြံစည်းရိုးက ကျော်လာတာ နင်မျက်နှာလေးကို မြင်ချင်နေပြီလေဟာ ၊ ပြီးတော့ လွမ်းလဲလွမ်းတယ် "

" ဟင်း အပိုတွေ မြို့တုန်းက ငါ့ကိုတစ်ချက်လေးတောင် မကြည့်ဘူး စကားဆိုလဲ အကန်တွေချည်းပြောတယ် "

" မကြည့်ချင်လို့မဟုတ်ပါဘူးဟာ နင့်ကိုကြည့်မိရင် ငါသရုပ်ဆောင်တာ မပြီပြင်မှာဆိုးလို့ပါ ၊ နင်သိလျက်နဲ့ ငါ ဘယ်တုန်းကနင့်ကိုမကြည့်ဘဲနေနိုင်ခဲ့လို့လဲ ဒါတောင် ငါဘယ်လောက်ထိ ပင်ပန်းခဲ့လဲ နင်မ‌သိပါဘူး ၊ နင့်ရဲ့ ကော်ဖီဆိုင်လေးတုန်းကလဲ တခြားကောင်လေးတွေရှေ့မှာ အပြုံး‌တွေ ပေါပေါတီတီသုံးပြနေတဲ့ ‌နင်ကို သူတို့ရှေ့ကနေ ဆွဲခေါ်ထုတ်သွားပြစ်ချင်တာ အ့တာကြောင့် ငါတစ်ဖက်ကို လွှဲနေခဲ့တာ "

" ဝါးး My Hero "

" ပြောင်စပ်စပ်နဲ့ 😊 "

" အ့ခု ငါတို့ဘာဆက်လုပ်ကြမလဲဟင် , ငါတို့ နောက်... "

ရှူးးး🤫🤫

" ငါတို့နှစ်ယောက်ချစ်နေဖို့ဘဲလိုတယ် ၊ နောက်ကျတယ် ဆိုတာမျိုးလဲမရှိဘူး "

" ဒါဆို နင်လက်ထပ်မယ့် ကိစ္စကရော ဘယ်လိုလုပ်မလဲ , ငါတို့ မဖြစ်နိုင်ဘူးထင်တယ် "

" ဟာ ချေမိုးရယ် ဘာလို့မဖြစ်နိုင်ဘူးလို့ဘဲတွေး နေရတာလဲ ၊ ငါမေးမယ် "

" အင်း မေးလေ "

" ငါ့ကိုချစ်လား "

ရင်ခွင်ထဲမှ ကလေးလေးလို ခေါင်းညိတ်ပြနေသည့် သူမက အဆူခံထိထားတဲ့ ကလေးလေးကို မုန့်မစားမလား မေးသလို ဖြစ်နေသည်။ သူမက ဤမျှချစ်ဖို့ကောင်းနေသည်လား ။ သူမပြုမူလိုက်သည့် အမူအရာလေးကအစ , ရင်ခုန်ဖွယ်ရာ အတိ ။ ထို့ကြောင့် သူမကိုယ်လေးအား နီးကပ်သည်ထက် ပိုနီးကပ်အောင် ပွေ့ဖတ်ထားလိုက်သည်။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now