🖤 Part- 18 🖤

769 47 2
                                    

[ Unicode ]

" ချေမိုး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

" ကောင်းပါတယ် ခရီးပန်းလို့နေမှာပါ ၊ မင်းထက်ကရော ဘယ်မှာဆေးခန်းထိုင်နေတာလဲ  "

" ဖေဖေမိတ်ဆွေရဲ့ ဆေးရုံမှာ ထိုင်ဖြစ်မယ်ထင်တယ် ဆရာဝန်လုပ်ရင်း ဖေဖေ့ ဟိုတယ်ကိုလဲ ကြီးကြပ်ရသေး တယ်လေ  "

"  အော် ချေမိုးကို့ အရှေ့နားချပေးနော် "

" ချေမိုးက အ့ဟိုတယ်မှာ တည်းတာလား "

" အင်း ဟုတ်တယ်လေ ဘာလို့လဲ "

" အ့တာလဲ ဖေဖေဟိုတယ်ဘဲလေ ဝါး တိုက်ဆိုင်လိုက်တာ"

မင်းထက် အားရပါးရပြောနေပေမယ့် ချေမိုး ပြုံးသည်ဟုဆို ရုံသာ ။

တစ်ဖက်တွင်လဲ မေယုမုန့်သွားဝယ်သည်နှင့် ဝေယံတစ်ယောက် စုံထောက်လုပ်ငန်းအား စတင်လေသည်။

" နေသွေး မင်းတကယ်ဘဲ ပြတ်သားနိုင်လို့လား "

" ဝေယံ မင်းလိုက်လာပြီး တစ်ပွစိစိနဲ့ အေးရာအေးကြောင်း ကိုမနေရဘူး "

" မင်းပုံစံက ပုံမှန်မှမဟုတ်တာ အရမ်းတွေပျော်ရွှင်ပြနေတာ သိသာနေတယ် "

" မင်း စုံထောက်လုပ်ဖို့ လိုက်လာတာလား "

" အင်း ဒါပေါ့ "

" အ့တာဆို ပြန်တော့ နားညည်းတယ် "

" မဟုတ်သေးပါဘူး နေသွေးရာ အရင်ကဖြင့် ချေမိုးမရရင် သေတော့မာလိုလိုနဲ့ အ့ခုကြတော့လဲ မင်းမဟုတ်တဲ့အတိုင်း ဘဲ အရမ်းတွေပျော်နေတာ "

" ဘာလို့လဲ ငါလဲမပျော်ရတော့ဘူးလား ၊ ပြီးတော့ အ့တာက အရင်တုန်းက အ့ခုမဟုတ်တော့ဘူး "

" မင်းကအ့လိုလူမျိုးမှ မဟုတ်တာ "

" မင်း ဘာကိစ္စသူများအကြောင်းစိတ်ဝင်စားနေရတာလဲ "

" ကိုယ့်သူငယ်ချင်းချင်းမို့ပေါ့ကွာ မကြိုက်လဲ‌မမေး တော့ဘူး , မင်းဟာမင်း ဘာချင်တာလုပ် "

ဝေယံ စိတ်တိုတိုဖြင့် ထိုနေရာလေးမှ ထွက်လာခဲ့သည်။ နေသွေးကတော့ ဘာမှမဖြစ်သလိုပင် မေယုအလာကို စောင့်နေလိုက်သည်။ထိုအချိန် ရွာချလိုက်သည့် မိုးကြောင့် နေသွေး ဘေးနားမှ သစ်ပင်ရိပ်လေးသို့ ။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now