🖤 Part- 24 🖤

814 48 0
                                    

[ Unicode ]

ပုံမှန်ဒီချိန်ပြန်‌လာတတ်တဲ့ မောင်က ဒီနေန့အရိပ်ယောင်ပင် မမြင်ရ၍ ချေမိုး ‌နာရီကြည့်ရင်းဖြင့် မောင့်အားမျှော်နေမိသည်။ မနေနိုင်တဲ့အဆုံး ချေမိုး ဆေးခန်းလေးသို့ လိုက်လာ ခဲ့သည်။

ဆေးခန်းလေးရောက်တော့လဲ ပိတ်ထားသော တံခါးပေါက် တို့က ဆီးကြိုနေ၍ ချေမိုး မပိုးတို့စီ ထွက်လာလိုက်သည်။

" မပိုး နေသွေး ဒီမှာလားဟင် ချေမိုးဆေးခန်းရောက်သေး တယ် တံခါးပိတ်ထားလို့ ဒီမှာများရှိမလားလို့  "

" ဟုတ်လား ဒီနေ့မှမပိုးတို့လဲ အရင်ပြန်လာလိုက်တာ ဆရာနဲ့ သဒ္ဒါလေးဘဲ ကျန်ခဲ့တာ အော် ဒါနဲ့ သဒ္ဒါလေးက ရွာရှူခင်းကြည့်ချင်တယ်လို့တော့ ပြောသံကြားတယ်  အ့တာလိုက်ပြနေတာဖြစ်မယ်  ချေမိုး အရေးကြီးကိစ္စရှိလို့ လား "

" ‌အော် မရှိပါဘူး အ့ဆိုချေမိုးပြန်တော့မယ် ချေမိုးဒီလာတယ်ဆိုတာ နေသွေးကိုမပြောပါနဲ့နော် "

" အင်းပါ "

" ဂျီးပု ဘာဟင်းလဲ "

" ကြက်သားငရုတ်သီးချက်လေ တခါတည်းစားသွားပါလား ချေမိုး "

" တော်ပြီ မှောင်နေပြီလေ ပြန်တော့မယ် "

" အေးအေး ဘာလာလုပ်တာလဲ "

" မပိုးကို မေးစရာရှိလို့ ခဏလာတာ ပြန်ပြီနော် "

" အေးအေး "

တစ်ဖက်တွင်လဲ

" အစ်ကို့ သဒ္ဒါတို့ဘယ်လိုလုပ်မလဲ မှောင်နေပြီ ဆိုင်ကယ် လေးတစ်ချက်လောက် ပြန်လုပ်ကြည့်ပါဦးလား "

" အစ်ကိုလဲ လုပ်ကြည့်နေတာဘဲ စက်ကရပ်ရပ်သွားတာ ကျစ် ချေမိုးစိတ်ပူနေတော့မှာဘဲကွာ "

" သဒ္ဒါကြောင့်ပါ သဒ္ဒါတောင်းပန်ပါတယ် "

" ရပါတယ် မတော်တဆဖြစ်သွားတာဘဲ "

ထိုချိန် အနားရောက်လာသည့် ကာလသားခေါင်းဆောင် ကိုပိုင်သူတို့ရောက်လာ၍ ဝမ်းသာသွားသည်။

" နေသွေး ဘာဖြစ်‌လို့လဲ "

" ဆိုင်ကယ်က ဘာဖြစ်မှန်းမသိပါဘူးဗျာ ထိုးရပ်သွားလို့ "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Tempat cerita menjadi hidup. Temukan sekarang