[ Unicode]
ကျောင်းနောက်ကျတယ်ဆိုတာ မေယုအတွက်ဆန်းကြယ်တဲ့ အရာမဟုတ်ခဲ့။ဒီနေ့လဲ အရင်နေ့တွေလို ကျောင်းနောက်ကျ နေပေမယ့် အေးရာအေးကြောင်း လမ်းလျှောက်လာခဲ့သည်။ ထိုစဉ် အနောက်မှလူတစ်ယောက်က လူကိုတည့်တည့်ကြီး ဝင်တိုက်ချလာသဖြင့် မေယုစိတ်တိုတိုနှင့် ရန်တွေ့ရန် ပြင်လိုက်စဉ်မှာဘဲ နှုတ်မှ ဘာစကားမှမထွက်လာဘဲ ထိုသူကိုသာ မှင်တက်စွာရပ်ကြည့်နေခဲ့သည်။
တခြားသူမဟုတ် နေသွေးဖြစ်နေခဲ့သည်။ ဘာမှပြောချိန်ပင် မရလိုက် စာအုပ်တွေကောက်ပေးကာ ဇွတ်ပြေးသွားပြန် သည်။ပြေးသွားသည့် နေသွေးအား မေယုလိုက်ငေးကာ သွားရန်ပြင်လိုက်ချိန် သော့ချိတ်လေးတစ်ခုအား အမှတ်မထင် တွေ့လိုက်ရသည်။အော်ခေါ်မည်ကြံလိုက် ပေမယ့် နေသွေးအရိပ်ယောင်ပင် မမြင်ရတော့။ဒီလိုနဲ့ ကျောင်းခန်းသို့ရောက်လာခဲ့သည်။
မေယုနဲ့ နေသွေးက အခန်းတူသည်ကို နေသွေးတစ်ယောက် မသိခဲ့။မေယုကတော့ အခန်းထောင့်က စာဂျပိုးလေးသာ ငေးလေ့ရှိသည်။ နောက်ဆုံးတစ်ချိန်ရောက်လို့ စာဂျပိုးလေး ကြည့်မိတော့ မတွေ့၍ လိုက်ရှာကြည့်မိတော့ အပြင်သို့ အရေးကြီးသုတ်ပြာနှင့် ထွက်သွားတာမြင်လိုက်သည်။
" မေယု ဘယ်လဲ "
" ဟင် အပြင်ခဏသွားမလို့ "
" ငါတို့လဲ လိုက်မယ်လေ သွားမယ် "
" အဲ့ဒီ အပြင်မဟုတ်ဘူး ဘာမဟုတ်ပါဘူးဟာ ခဏလေး "
" နောက်တစ်ချိန်က အရေးကြီးတယ်လေ မေယုရဲ့ ပြီးတော့ နင်ကြောက်တဲ့ ဘာသာကြီးနော် "
" အေးပါ နောက်ကျ ငါ့ကိုပြန်ရှင်းပြလေနော် ငါသွားပီ "
မေယု ရှေ့မှစာဂျပိုးလေးနောက်သို့ မလှမ်းမကမ်းမှ လိုက်လာခဲ့သည်။ ဘာဖြစ်၍မသိ မျက်နှာလေးက ညှိုးနေသလို စိတ်ညစ်နေဟန် ဧကန်န....။မေယု လက်ထဲက သော့ချိတ်လေးအား ကြည့်ကာပြုံးမိသည်။
***********************
စာကြည့်ပြီး၍ ဖုန်းဆက်ချင်ပေမယ့် မချင့်မရဲ ဖြစ်မိသော်လည်း မဆက်ရတာ ကြာနေပီဖြစ်၍ အချစ်ဆုံးသူငယ်ချင်းအမွှေစိန်လေးအား သတိရမိသည်။
VOCÊ ESTÁ LENDO
👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )
Romance[ Unicode ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... [ Zawgyi ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... START DATE - 6 . 8 . 2021 END DATE- 6 . 10 . 2...