🖤 Part- 13 🖤

607 45 3
                                    

[ Unicode ]

အ့ဩနေသည့်အကြည့်တစ်ချို့နှင့် အနားကပ်ကာ

" နင်ပြောပြတဲ့ နေသွေးဆိုတဲ့ တစ်ယောက်လား "

" အင်း "

ချေမိုးနှင့်ပန်းဖြူက ရွယ်တူဆိုပေမယ့် အတန်းအားဖြင့် ပန်းဖြူကတစ်တန်းငယ်သည်။ ပန်းဖြူက ဦးလေး ကျော်ဝဏ္ဏသမီးမှန်း  ချေမိုးသိတာပင် (၃)လောက်ရှိသေး သည်။လင်မယားချင်းကွဲ၍ ပန်းဖြူအငယ်ထဲက သူ့အမေနှင့် ပါသွား၍ နေသွေးအား မသိခြင်းဖြစ်သည်။

" ပန်ပန်ရော နေကောင်းတယ်မလား "

" အင်း ကောင်းတယ် သူကလိုက်ချင်နေတာ ကျောင်းတက်နေရတော့မလိုက်ဖြစ်ဘူး နင်လဲ မေမေ့အကြောင်းသိရက်နဲ့ သင်တန်းတွေကတစ်ခုပြီးတစ်ခု လိုက်တက်နေရသေးတယ်လေ အ့ကြောင့် သူ့မှာအခွင့်မသာ သေးဘူးဖြစ်နေတာ "

" အေးပေါ့, ညကြအဖွားအိမ်လာခဲ့‌မယ် အ့ခုကတော့ နင်မြင်တဲ့အတိုင်းဘဲ လူက ညစ်ပတ်နေပီ ‌အမေနဲ့ ညကြမှလာခဲ့မယ်လေနော်  "

သူမကတော့ အရင်တိုင်းမပြောင်းလဲသည့် ပိန်သွယ်သွယ် ခန္ဓာကိုယ်အား မြန်မာဆန်ဆန်ဝမ်းဆက်တစ်စုံနှင့် တန်ဆာဆင်ထားတဲ့ ကလေးလူကြီးပုံလေးဖြစ်နေသည်။ ကပိုကရိုဆံပင် နှင့်ချွေးစတို့ကြောင့် ပျက်ယွင်းနေသည့် ပါးကွက်တို့က သူမကို တစ်မျိုးလှနေ‌စေပြန်၏။

" အေးပါ ငါလဲပစ္စည်းတွေနေရာချရဦးမာမို့ ပြန်တော့မယ် ငါရောက်နေတယ်ဆိုတဲ့အကြောင်း နင့်ကို လာအကြောင်းကြားတာ "

" အေးပါအေ ပန်းဖြူရော လိုက်ခဲ့ပါ‌လား "

" အ့လို လိုက်လို့ရလား "

" ရတာပေါ့ "

" အ့‌ဆိုခေါ်ရင်လိုက်မာပေါ့ အ့ခုတော့ပန်းဖြူပြန်တော့မယ် အမေကမျှော်နေလောက်ပီ "

" အင်းအင်း ညကြငါ့အိမ်အရင်လာခဲ့ရမှာနော် "

" အေးပါဟယ် အ့လောက်တော့ ငါသိပါတယ် ချေမိုးရယ်  "

" ငါလဲပြန်တော့မယ် နင့်ကိုပေးစရာရှိလို့ လာဖြစ်အောင်လာ ခဲ့ "

" အေးပါ ငါရမှာမလို့ကို လာဖြစ်အောင်လာမှာ "

နေသွေးထွက်သွားကာမှ နေလဲအတော်စောင်းနေပြီဖြစ်၍ ချေမိုးဆိုင်ပိတ်ကာ ရေချိုးရန်ပြင်ဆင်မိသည်။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now