🖤 Part- 16 🖤

802 47 0
                                    

[ Unicode ]

နေလုံးကြီးကွယ်ပျောက်ကာ မှောင်ရီပျိုးနေပြီဖြစ်၍ အရာအားလုံး မှုန်ဝါးဝါးနှင့်ပင်။ ထိုမှုန်ဝါးဝါးမြင်ကွင်း တို့ကြားထဲရှိ စက်ဘီးလေးမှာလဲ တိတ်ဆိတ်နေပြန်သည်။

" လမ်းတွေကသိပ်မမြင်ရတော့ဘူး ပြုတ်ကျနေမယ် ကိုင်ထား "

" ကိုင်ထားတယ်လေ "

နေသွေးစက်ဘီးရပ်ကာ နောက်ပြန်ကြည့်မိတော့ စက်ဘီးခုံလေးအား လက်လေးဖြင့် ကိုင်ထားသည့် သူမလက်အား ခါးထက်သို့ဆွဲယူပြီး သူ့လက်နှင့် ထိုလက်ပုတိုလေးအား ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။

" ခုံပြုတ်သွားလို့ ငါထိုင်စရာမရှိဘဲနေလိမ့်မယ် "

‌" ငါကအ့ခုမှ စက်ဘီးလိုက်စီးတာလား ဒါကရိုးနေပီကို "

" မတူဘူးလေ အ့တာကအရင်က အ့ခုကအ့ခုဘဲ "

ချေမိုးပြောလဲရမည်မဟုတ်မှန်းသိသောကြောင့် ခွန်းတုံ့ပြန်မ နေဘဲ ကိုရွှေလိပ် ထားရာအတိုင်း ခါးဖတ်ကာလိုက်လာခဲ့ သည်။ နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းထက်မှာတော့ အပြုံးကိုယ်စီနဲ့ပေါ့...။

တဖြည်းဖြည်းနှင့်သပြေပင်ကြီးဘေးရှိ ဆီဆိုင်လေးသို့ ရောက်လာသည်။ နှစ်ဦးသားအိမ်ထဲဝင်သည်နှင့် ဧည့်ခန်းမှ ကဗြာကယာ ထလာသည့်အဖွားမှာ နေသွေးအား သေချာကြည့်ကာ စစ်ဆေးနေလေသည် ။

" မြေးလေးရယ် ဘယ်တွေသွားနေတာလဲ အဖွားဖြင့်စိတ်ပူ သွားတာဘဲ "

" သား တောင်းပန်ပါတယ် အဖွားကိုစိတ်ပူအောင်လုပ်မိလို့"

" ချေမိုးလေးကိုလဲ ကျေးဇူးတင်ပါတယ် မြေးလေးကိုရှာကူလို့ "

" ရပါတယ်အဖွားရဲ့ "

ချေမိုးလက်လေးဆွဲကာ အဖွားကတော့ ကျေးဇူးတင်စကား ဆိုလေသည်။
တကယ်ဘဲ သူမကကျွန်တော့စိတ်ကိုအမျိုးမျိုးပြောင်းလဲ နိုင်စွမ်းရှိနေသည်။ 

*******************
ဆီဆိုင်ရဲ့ ဘေးခုံတန်းလေးတွင်ထိုင်ကာ ချေမိုးတစ်ယောက်  မိမိနှုတ်ခမ်းလေးအားထိကာ ကြည်နူးရသည့် အတိတ်ရဲ့ နာရီတစ်ချို့မှ ဖြစ်စဉ်လေးအား ပြန်လည်ပုံဖော်ကာ မရည်ရွယ်ပါဘဲ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့သည်။ ထိုစဉ်

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Donde viven las historias. Descúbrelo ahora