🖤 Part- 6 🖤

614 47 0
                                    

[ Unicode]

အရှေ့မှလဲကျမလို ဖြစ်သွားသည့် ကိုယ်ငယ်လေးအား အပြေးထိန်းလိုက်သည်။မျက်ရည်စတို့ဖြင့်ပြည့်နှက်နေသည့်  မျက်ဝန်းတို့ဖြင့်ကြည့်လာသည်။

" ငိုချလိုက် ငါရှိနေတာမလို့ "

နေသွေးအားဖတ်ကာ ‌ရွာသွန်းနေသည့် မိုးနဲ့အတူ ချေမိုးလဲ အော်ငိုတော့သည်။ငိုကြွေးနေ၍တုန်ခါနေသည့် ကျောပြင် ငယ်အား ပုတ်‌ပေးကာ အားပေးနေမိသည်။

"ငါတို့မှာပြန်ကြိုးစားခွင့်ရှိတာဘဲ ငါတို့ချေမိုးလေးက ကြံ့ ကြံ့ခံနိုင်ပါတယ်‌ ငါလဲဒီနှစ်ကျောင်းမတတ်ဘဲ နေလိုက်မယ် လေနော် ပြီးရင် ငါတို့အတူတူတက်ကြမယ်လေ နင့်အနား ငါအမြဲရှိတယ်နော် "

ငိုလို့ဝသွားသည့် ‌ပန်းလေးက ထိုအခါမှ

" ရူးနေလို့ တစ်နှစ်အောက်မှာလား နင်ကအရူးလား "

" ဟင်း ငါကအရူးဖြစ်မယ် အရူးကိုသူငယ်ချင်းတော်ထားရ လို့လေ,နင်ကျေနပ်တဲ့အထိ အော်ငိုလိုက်  "

မိုးရွာနေ၍ အသံကြားအောင်ပင် မနဲအော်နေရသည်။

" နေသွေးးးးအရူးကောင် မုန်းတယ်....အိမ်ကြအမေက ငါ့ဆဲတော့မယ် အီးးးဟီးးးးးး,သူတောင်းစား ဘာလို့မျက်နှာ ကြီးက လာပြောင်နေတာလဲ"

" ငိုရီ ငိုရီ ဆန်နှစ်ပြည် ဟားးးးး"

" သူတောင်းစား အရူးကောင် ကဲဟာ ကဲဟာ...."

" ကယ်ကြပါဦးဗျို့ ဒီမှာ ခွေးမလေးတစ်ကောင် လိုက်ကိုက် နေပါတယ်ဗျို့ "

‌သည်းထန်စွာရွာသွန်းနေသည့် မိုးရေများကြားမှာရှိနေတဲ့ ကောင်လေးနဲ့ကောင်မလေးကိုတော့ ပတ်ဝန်းကျင်က ရူးနေပြီဟု ထင်လိမ့်မည်။
မိုးသည်လဲ ပို၍ပို၍ပင် သည်းထန်စွာရွာသွန်းလာသလို ရွာဘက် လမ်းလေးပေါ်ရှိ စက်ဘီးလေးပေါ်တွင်လဲ ရယ်သံ အော်သံတို့ဖြင့် ဆူညံနေလေသည်။
မိုးအနည်းငယ်တိတ်သွားကာမှ နှစ်ကောင်သား အိမ်ပြန် ရောက်လာကြသည်။

" နှစ်ယောက်သား မိုးရေတွေချွဲလို့  အအေးပတ်ကုန်လိမ့် မယ် သွားသွား မြန်မြန်အဝတ်စားလဲ "

" အမေ့ "

" ဘာလဲ "

" အမေကလဲ သမီးလဲကြိုးစားတာဘဲလေ သူ့ဟာသူကျတာကို အီးးးးး "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now