[Unicode]
အခန်း(၂):အဝေးမှုန်ခြင်းနှင့် သပ်ရပ်ကြော့ရှင်းတဲ့ မင်းသားလေး.......
နောက်တစ်နေ့ မနက်ရောက်လာတော့...မန်နေဂျာသည် ဆုနို၏အိမ်ကို အလောတကြီးရောက်လာခဲ့သည်။lingerie show ပွဲကြီးက နေ့လည်ထိတိုင် မစသေးဘူးဆိုပေမယ့်လည်း အတွေ့အကြုံဟောင်းအရ ဆုနိုရဲ့အိပ်ယာကိုတွယ်ကပ်နိုင်လွန်းတဲ့ စကေးမှာ God level အဆင့်ပင်ဖြစ်သည်။သူ့ကို ၃၀မိနစ်အတွင်း နှိုးနိုင်ရင်တောင် အတော်ကို စူပါကံကောင်းလွန်းတဲ့နေ့ ဟူ၍ပြောလို့ရသည်။
"အိပ်ချင်သေးတယ်....!" မျှော်လင့်ထားသလိုပင် မော်ဒယ်ဆုတစ်ယောက် စောင်ကို ရေဘဝဲတစ်ကောင်လို တွယ်ဖက်ထားပြီး အသေကောင်လို အိပ်သွားပြန်ပြီ။
"ငါ မင်းအတွက် မင်းကြိုက်တဲ့ ငါးဆန်ပြုတ်နဲ့ ပုစွန်လိပ် ဝယ်လာတယ်လေ" မန်နေဂျာသည် နေလည်စာဘူးကို ဖွင့်ပြလိုက်ပြီး အနံ့လေးဖြင့် ဆွဲဆောင်ရင်း ပြောလိုက်သည်။
ဆုနို စောင်အောက်ထဲသို့ ခေါင်းကို အတင်းတိုးဝင်လိုက်သည်။
ငါးဆန်ပြုတ်က အရသာရှိပါတယ်။ပုစွန်လိပ်က ပိုပြီးတောင်အရသာရှိသေးတယ်။ဒါပေမယ့် အခုချိန်မှာ အိပ်ရမယ်ဆိုရင် အပေါ်ကနှစ်ခုလုံးကို လျစ်လျူရှုလိုက်မယ်!ဒါ အရမ်းကို ရွေးချယ်ရခက်တဲ့ ဆုံးဖြတ်ချက်ပဲ!
"အဲ့ပွဲမှာ ရင်သားကြီးကြီးနဲ့ အရမ်းလှနေမယ့်မမတွေမှ အများကြီးနော်" သူ့ရဲ့ အစားအသောက်ဖြင့် မြူဆွယ်ခြင်းအစီအစဥ်မှာ ကျရှုံးသွားသော်လည်း
မန်နေဂျာက အရှုံးမပေးသေးဘဲ နောက်တမျိုးဖြင့် ဆက်လက် ချော့မော့ပြောဆိုနေသည်။ဆုနို အသံတိုးတိုးဖြင့် လှောင်သံပြုလိုက်ရင်း မကြာသေးခင်က မက်ထားတဲ့အိမ်မက်ကို သွားသတိရလိုက်မိသည်။
ရင်သားကြီးကြီးရှိတာက ဘာလုပ်လို့ရလို့လဲ?ငါ့မှာလည်း ရှိတာပဲ!
"မင်း အခုချက်ချင်းမထသေးဘူးဆိုရင် ချိုးကျီယန် က မင်းအလုပ်တွေကို ခိုးယူသွားလိမ့်မယ်နော်!"
YOU ARE READING
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...