[65]

2K 305 10
                                    

[Unicode]

T/N: fanfic ထဲက ဆုနိုနိုနဲ့ Main story ထဲက ဆုနို မတူပါဘူးနော် ရှုပ်နေမှာစိုးလို့ပါ မှားလည်း မ​ရေးထားပါဘူး fanfic ရေးတဲ့ မမ​တွေက သူတို့ဘာသာ သူတို့ မှား​ရေးထားတာပါ XD

_________________________

အခန်း(၆၅):ကျွန်တော် စားချင်တယ်နှင့် stress ပိစိ​လေး


“သူတို့က ဘိုကင်ကြိုတင်ထားတဲ့ စားသောက်ဆိုင်မှာ မစားဖြစ်ဘူး” ဆိုတဲ့အချက်ကြောင့် မစ္စတာဒါရိုက်တာသည် ဆုနိုကို အရမ်းကိုမှ သက်တောင့်သက်သာဖြစ်စေရန် လုပ်​ပေး​နေရသည်။ ဒါပေမယ့်လည်း ဆုနိုက​တော့ တော်တော်စိတ်ဆိုးနေတုန်းပဲ။ သူရေချိုးပြီးတာတောင်မှ မကျေမနပ် အထွန့်​လေးတက်ကာ ပြော​နေ​သေး၏။

ထို့ကြောင့် အိုးရန်လုံသည် ချက်ချင်းပင် အပြစ်ရှိသလိုခံစားရပြီး သူ့အမှားဖြစ်​ကြောင်းကို သတိပြုမိလိုက်သည်။ သူသည် အဝတ်လျှော်ခုံပေါ်တွင် ဒူးထောက်၍ ခွင့်လွှတ်ပေးဖို့ ငိုယိုကာ ဆုနိုကို စားစရိတ်ဆယ်ဆပေးလျော်မည် ဟုပြောခဲ့သည်။

မှားပါတယ်!တကယ်တော့ ဒါက ဆုနိုရဲ့လှပတဲ့စိတ်ကူးယဉ်မှုသက်သက်ပါပဲ!

အဲဒီအချိန်မှာပဲ ဆုနိုရဲ့အစ်ကိုကြီးက သူ့ကို ဖုန်းဆက်၍ လှမ်းဆွယ်လိုက်သည်။ “မင်းမရီးက အရသာရှိတဲ့ ဝက်ဆားနယ်နဲ့ထမင်း ချက်ထားတယ်။ ဆားနယ်ထားတဲ့ကြက်ဥတွေလည်း အရမ်းအရသာရှိတယ်။ နူးညံ့တဲ့ငါးပေါင်း​တွေပါ လုပ်ထားတယ်နော် ”

နာနီ?

ဆုနိုရဲ့မျက်လုံးတွေသည် ချက်ချင်းပင် တောက်ပလာပြီး မစ္စတာဒါရိုက်တာအ​ပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုတောင် ချက်ချင်းပင် မေ့ပျောက်သွားသည်။ "ကျွန်တော် မကြာခင်ပြန်လာခဲ့မယ်!"

အိုးရန်လုံ:........

“ကောင်းပြီ။ ကိတ်မုန့်နဲ့လိမ္မော်သီးပိုင်မုန့်တွေလည်း ရှိသေးတယ် ” ဟန်ဝေ အလွန်ကျေနပ်သွားသည်။

မိုက်ပြီ​ပဲ! ဆုနိုသည် ချက်ချင်းထကာ အဝတ်အစားလဲလိုက်တော့သည်။

"..........."

“ဒါပေမယ့် မင်းမပြန်သေးဘူးလို့ ကိုယ့်ကိုပြောခဲ့တယ်လေ” အိုးရန်လုံသည် သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now