[53.1]

1.9K 346 6
                                    

[Unicode]

ကျွန်တော့်အိမ်ကို မလာနဲ့နှင့် မ​မျှော်လင့်ထားသည့် အလှည့်အ​ပြောင်း

[အပိုင်း-၁]

ဆုနိုရဲ့ အ​ခြေအ​နေက အရမ်းကို ဆိုးရွား​နေတာ​ကြောင့် ဒိုင်အန်းသည် တ​နေကုန် သူ့​​ဘေးနားမှာပဲနေပေးခဲ့ကာ အလုပ်​တွေကို အချိန်တစ်ခုထိ နားမလားဆိုတာကို​တောင် မေးခဲ့​သေးသည်။

"မလိုဘူး" ဆုနို နှာ​ခေါင်းတရှုပ်ရှုပ်ဖြင့် ပြောလိုက်သည်။သူ အိပ်ယာ​ပေါ်မှာ သနားစရာ​ကောင်းစွာ လဲ​လျောင်း​နေရင်းဖြင့် နောက်ဆုံးတော့ ပြောလိုက်သည်။

" ငါ တစ်ခုခု စားလိုက်အုံးမယ်"

သူရဲ့ စိတ်အ​ခြေအ​​နေက က​ယောက်ကယက်ဖြစ်​နေခဲ့​သော်လည်း သူတစ်​နေကုန် မစားရ​သေးသည့်အတွက် သူလက်​တွေ​တောင် တုန်ရီ​နေပြီ ဖြစ်သည်။
သူ့အစာအိမ်ကလည်း အသံ​စုံ မြည်​နေပြီ!

foodie တစ်​ယောက်ရဲ့ ပင်ကိုယ်စရိုက်အတိုင်းပါပဲ!

ဒါကိုကြား​တော့ ဒိုင်အန်း စိတ်သက်သာရာ ရသွား​တော့သည်။သူ စားချင်တယ်ဆိုတာ သတင်း​ကောင်းပဲ။ဒါ​ကြောင့် သူ အောက်ထပ်ကို အမြန်ဆင်းသွားပြီး အသားညှပ်ဘီစကစ်ကို ပြန်​နွေး​ပေးပြီး အသီးအရွက်တစ်ခွက် ကြော်လိုက်သည်။ ပြီး​တော့ မှာထားတဲ့ ဝက်ရိုးစွပ်ပြုတ်ကိုပါ သူ့အတွက် ပြင်​ပေးလိုက်သည်။

"အန်တီကို ကျေးဇူးတင်တယ်လို့ ပြော​ပေးဦး" ဆုနို စား​​နေရင်းဖြင့် ပြောလိုက်သည်။ သူ့မျက်နှာမှာ နှမ်း​စေ့​တွေ ကပ်​နေကာ သူ့မျက်လုံး​တွေကလည်း နီရဲလို့​နေသည်။သူ့ပုံစံ​​လေးက အမှန်ပင် ချစ်စရာ​ကောင်း​နေတုန်းပင်။

"စိတ်မပူပါနဲ့။ ငါ့အ​မေက မင်းကို ချစ်ပြီးသားပါ" ဒိုင်အန်း ဒီအခွင့်အ​ရေးကို အသုံးချပြီး ထပ်ဖြည့်​ပြောလိုက်​သေး၏။"သူက ချိုးကျီယန်ကို လုံးဝ မကြိုက်ဘူး။တီဗီမှာ သူ​ပေါ်လာရင်​တောင် ချက်ချင်းပြောင်းပစ်လိုက်တာ သိလား?"

ဆုနို စွပ်ပြုတ်​သောက်​နေရင်းဖြင့် "အွန်း"ဟုသာ အသံထွက်သွားသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now