[37.2]

2.4K 433 11
                                    

[Unicode]

ဝမ်မုနိုင်းနိုင်းနှင့် သွေး​နှောကပြားဆယ်လီ

အခန်းထဲမှာတော့ ဆု​ရှောင်းနိုသည် ဖုန်းတစ်ခုကို လက်ခံ စကား​ပြော​နေရသည်။ ဒီတစ်ခေါက်က​တော့ ကျုံးလီဖုန်းပိုင်ဆီက ဖုန်းဝင်လာခဲ့တာဖြစ်သည်။

"ငါ မင်းရဲ့ မ​​တော်တဆဖြစ်တဲ့ ဗီဒီယိုကို တွေ့လိုက်ရတယ်။ငါ့နှလုံးသား​လေး​တောင် ကွဲအက်သွားသလိုပဲ!" ဒါရိုက်တာကျုံးက​တော့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ ပတ်သတ်လာရင် အများကြီးအ​တွေ့အကြုံရှိ​လေသည်။

ဆုနို သူ့ရဲ့ မံမီ​ခြေ​ထောက်ကိုကြည့်ပြီး သက်ပြင်းချလိုက်ရင်း သူ့ချစ်သူနဲ့ မ​တွေ့ရတဲ့ဘဝက ကြီးမားတဲ့ကော်ဖီစားပွဲ တစ်လုံးနဲ့တူတယ် ဆိုတာကို မ​တွေးမိဘဲ မ​နေနိုင်​ပေ။

ကျုံးလီဖုန်းပိုင်က​တော့ အန်ချင်စရာ စကားလုံး​တွေကို ဆက်ပြီး ပြော​နေသည်။ မုချိုး သူ့​​ဘေးနားမှာ ရပ်​နေရင်း သူ့ရဲ့မျက်လုံးများက ပူလာရသည်။

သူ့အ​ပေါ်မှာသာ ဒီ​လောက်​လေးသာ ဂရုစိုက်ပေးကြည့်ပါလား,? မာ*လာတဲ့အထိ အရမ်းကို ပျော်ရွှင်သွားရမှာပဲ!

ဟုတ်ပါတယ်.....မစ္စတာဥက္ကဌကြီးက အရမ်းကို ပွင့်လင်းပြီး တည့်တိုးဆန်တဲ့သူပင်။

"ခင်ဗျားက ဘာလို့ ကျွန်တော့်အိမ်ထဲမှာ ရှိ​နေရ​သေးတာလဲ!" သူ ဖုန်း​ပြောပြီးတာနဲ့ ကျုံးလီဖုန်းပိုင်သည် ချက်ချင်းပင် မ​ပျော်မရွှင် ဖြစ်သွားတော့သည်။  "လွန်ခဲ့တဲ့ငါးမိနစ်ကပဲ ခင်ဗျားကို နှုတ်ဆက်ပြီးပြီ​လေ!"

"ကောင်းကင်ကြီးက မှောင်​နေပြီ။ တစ်​ယောက်ထဲ အိမ်ပြန်ရမှာ ကြောက်တယ်" မုချိုးက လုံးဝ အရှက်မရှိတဲ့ သူတစ်​ယောက်ပင်။ ကျုံးလီဖုန်းပိုင်သည် အန်ချင်သလိုဖြစ်​​နေရပြီး လုံးဝရွံရှာမုန်းတီးနေရတဲ့စိတ်ကို သည်းခံနေရသည်။

"ကိုယ့်ကို ဒီ​မှာ နေခွင့်ပြုပြီး အခန်းပို ဌားပေးလို့ ကျေးဇူးတင်ပါတယ်" မုချိုး တစ်​ဖက်လူရဲ့ ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်တဲ့​နေရာမှာ​တော့ အလွန်ပဲတော်လှသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now