[7]

5.9K 1.1K 47
                                    

[Unicode]

အခန်း(၇):လက်​တွေ့ကျကျ တွဲ​ပေးခြင်းနှင့် ခွေး​သွေးဝတ္ထု

ဆိုင်ရှေ့တွင် ရပ်နေသောမန်နေဂျာသည် လည်တ
ဆန့်ဆန့်ဖြင့် ဆုနိုပြန်အလာကို စိုးရိမ်တကြီးစောင့်နေပြီး နောက်ဆုံးတွင် ဆုနိုတစ်​ယောက် ကားကိုပြန်မောင်းဝင်လာသည်ကိုမြင်မှသာ သက်ပြင်းချလိုက်ရသည်။

"မင်းကဘာလို့ ရုတ်တရက်ထွက်သွားရတာလဲ?"
မန်နေဂျာသည် မ​ရေမရာဖြင့် ကားထဲသို့ ၀င်လာရင်း မေးလိုက်သည်။

"ငါ သူရဲကောင်းဆန်တဲ့ အလုပ်တွေလုပ်ပြီး တစ်ယောက်ယောက်ကို ကယ်တင်ဖို့အလုပ်များသွားလို့လေ " ဆုနိုသည် သူ့ကိုယ်သူ အလွန်ဂုဏ်ယူမိသည်။

မန်နေဂျာသည် သူ့ကို တိတ်ဆိတ်စွာကြည့်ပြီးနောက်
"မင်းမဖြေချင်ရင်မ​ဖြေနဲ့ ဆင်ခြေအတုတွေလုပ်စရာမလိုဘူး"

မင်းက ကမ္ဘာကြီးကိုကယ်တင်နေတယ်လို့သာ တစ်ခါတည်း​​ပြောလိုက်ပါ​တော့လား!!

"အမှန်​တွေ ပြော​နေတာပါ" ဆုနိုသည် တည်တည်ငြိမ်ငြိမ်ဖြင့် "မင်း ငါ့ကိုယုံသင့်တယ်"

မန်နေဂျာက​တော့ ဒီဇာတ်လမ်းကိုဆက်မပြောချင်တော့မှန်း သိသာလှသည်။ "ကောင်းပါပြီ...ကောင်းပါပြီ...ကဲ..ဒါဆို ဒီကားကိုအရိပ်အောက်မှာ ရွှေ့ရအောင်၊ငါတို့စားသင့်ပြီ မဟုတ်ရင်ဝက်ခြေ​ထောက်ကင်တွေ အေးကုန်လိမ့်မယ်"

ဝတ်​ခြေ​ထောက်ကင်​တွေက အေးသွားရင် စားလို့မ​ကောင်း​တော့ဘူး။အစားအ​သောက်ကို ချစ်မြတ်နိုးသူတစ်​ယောက် အ​နေနဲ့ ဒီလို ဖြစ်ခွင့်မ​ပေးနိုင်ဘူး!
ငါရ​အောင်တားဆီးရမယ်!!


<နည်းလမ်း- ချက်ချင်းစားရမယ်>

ထို့ကြောင့် ဆုနိုသည် စတီယာတိုင်ကို လှည့်လိုက်ကာ အရိပ်ရတဲ့ လမ်း​​ဘေးတစ်​နေရာမှာရပ်ပြီး ပျော်​ပျော်ကြီးဖြင့် နေ့လည်စာဘူးကို ဖွင့်လိုက်သည်။

မွှေးကြိုင်နေပြီး ရွှေရောင်သမ်းတဲ့အထိ​ကြော်ထားတဲ့ဝက်ခြေ​ထောက်ကင်တွေကို အတုံးသေးသေးလေးများဖြစ်အောင်လှီးပြီး ငရုပ်သီးအနည်းငယ်နဲ့ ပြန်ချက်ထားကာ နံနံပင်နဲ့နှမ်းစေ့များကိုလည်း အပေါ်ကထပ်အုပ်ထား​သေးသည်။အနံ့လေးက သင်းသင်းမွှေးပြန့်ပြန့်နှင့် အရသာကလည်း နူးညံ့ပြီး လျှာ​ပေါ်ပျော်ဝင်သွားရာ ဒီလိုဂန္တဝင်ဟင်းလျာမျိုးကို ရွှေဒင်္ဂါးတစ်ထောင်နဲ့ ပေး၀ယ်လို့တောင် မရနိုင်ပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now