[Unicode]
ပါပါရာဇီနှင့် ကိုယ်မင်းကို တွေ့ချင်တယ်
မစ္စတာဒါရိုက်တာနဲ့တွေ့ဖို့ ချိန်းထားတဲ့သူရဲ့ နာမည်က ကုံစန်းမာဖြစ်ကာ သူ့ရဲ့နာမည်ကတော့ အတော်လေး စိတ်ပျက်စရာကောင်းလွန်းလှသည်။ ပြီးတော့ သူ့အလုပ်အကိုင်ကလည်း တူတူပါပဲ---သူက ပညာရှင်အဆင့် ပါပါရာဇီတစ်ယောက်ဖြစ်ပြီး ဘယ်လိုမြင်ကွင်းမျိုးကိုမဆို လျှက်တစ်ပြတ် ရိုက်ကူးတဲ့နေရာမှာတော့ ဆရာကျလွန်းသည်။
လွန်ခဲ့တဲ့နှစ်,နှစ်လောက်တုန်းက ကုံစန်းမာသည် အထက်တန်း ဖက်ရှင်သတင်းထောက်တစ်ယောက်ဖြစ်ခဲ့ပြီး အဓိကအားဖြင့် သူက စီးပွားရေးဘက်မှာ တာဝန်ယူထားခြင်းဖြစ်သည်။ သူက အဓိကစျေးဝယ်စင်တာတွေထဲက ကြော်ငြာအမျိုးမျိုးကို ဖြုတ်ချဖို့ ကြိုးစားခဲ့ဖူးသည်။အဲ့တာကြောင့်ပဲ အိုးရန်လုံနဲ့ ပိုပြီး ရင်းနှီးလာစေခဲ့သည်။
"မတွေ့ရတာ ကြာပြီ" ကုံစန်းမာရဲ့ အဝတ်အစားတွေက ပါပါရာဇီတစ်ယောက်နဲ့ အရမ်းကို တူလွန်းသည်။ သူက ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားပြီး ကင်မရာအိတ်ကလည်း သူ့ပုခုံးပေါ်ကနေ တွဲကျနေကာ.....သူ့ကို ကြည်ရသည်မှာ ပရိုဖက်ရှင်နယ်တစ်ယောက်လိုပင်။
အိုးရန်လုံ သူ့ကို လက်ဖက်ရည်တစ်ခွက်ငဲ့ပေးလိုက်ပြီး " ဘာအတွက် ငါ့ကို တွေ့ချင်ရတာလဲ?"
"ထွေတွေထူးထူးတော့ မဟုတ်ပါဘူး။ ငါတူလေးက ဒီနှစ်ပဲ ဘွဲ့ရတာလေ။ အဲ့တာနဲ့ သူက RenRuiမှာ ၃လလောက် အလုပ်သင် လုပ်ချင်တယ်ဆိုလို့ "
ကုံစန်းမာ ဆက်ပြောလိုက်၏ "အဲ့တာနဲ့ မေးပေးမယ်လို့ သူ့ကိုကတိပေးလိုက်တယ်။ မင်းဘက်ကရော အဆင်ပြေရဲ့လား?""သုံးလပဲ ဆိုရင် ကိစ္စမရှိပါဘူး" အိုးရန်လုံက သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် အမြဲကူညီပေးတတ်၏။ "နောက်လာမယ့် တနလ်ာနေ့ကျရင် အလုပ်ဆင်းဖို့ သူ့ကို ပြောလိုက်ပါ"
"ငါ လူမှန်ကို ရှာတွေ့မယ်ဆိုတာ သိသားပဲ"
ကုံစန်းမာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိန်းမထားနိုင်တော့ဘဲ ခါးသီးမှုအချို့က ထွက်ကျလာတော့သည်။
ŞİMDİ OKUDUĞUN
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomantizmThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...