[Unicode]
ဖာ့ခ်!ဘလိုင်းဒိတ်နှင့် ကျွန်တော် မလိမ်ပါဘူး
"မင်းက ကိုယ့်အိမ်ကိုယ် ပြန်နေမလို့?" ဟန်ဝေ ထိုစကားတွေကိုကြားတော့ အံ့သြသွားသည်။"အစ်ကိုကြီးနဲ့ အတူတူမနေချင်လို့လား?"
တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။အင်း.....ယှဉ်ပြီး ရွေးချယ်ရမယ်ဆိုရင် ကျွန်တော်က မစ္စတာဒါရိုက်တာကြီးနဲ့ပဲ အတူတူ ပိုနေချင်လို့ပါ!
ဆုနို အကြောင်းပြချက်တစ်ခုကို ပေးဖို့ ကြိုးစားလိုက်၏။ "ကျွန်တော်က အိမ်မှာ တစ်ယောက်တည်း နေချင်လို့ပါ။ ပြီးတော့ အစ်ကိုကြီးနဲ့ မရီးတို့ နှစ်ယောက်လုံးကလည်း အရမ်းကို အလုပ်များတယ်လေ"
တကယ့်ကို လူလိမ်တစ်ယောက်ပဲ!
"ဟုတ်ပြီ။ မင်းလုပ်ချင်သလိုသာ လုပ်တော့" ဟန်ဝေက သူတို့ငယ်ငယ်ကတည်းက သူ့အပေါ်ကို ဖိအားမပေးခဲ့ပေ။
သဘာဝကျကျပဲ ဒီတစ်ခေါက်ကတော့ မျှော်လင့်ထားသလိုတော့ မဟုတ်ဘူးပဲ!
ဆုနို သက်ပြင်းချလိုက်ရင်း ချက်ချင်းပင် သူ့စိတ်ထဲမှာ အံ့သြသင့်စွာ ပြောဆိုလိုက်သည်။ အစ်ကိုကြီးက စကားပြောရတာ အရမ်းကိုလွယ်တာပဲ။တကယ် ပြောလို့ဆိုလို့ ကောင်းတယ်!
ဒါပေမယ့် သူ တွေးလို့တောင်မဆုံးသေး ဟန်ဝေပြောလိုက်သည်ကိုကြားတော့ သူ အရမ်းကို အံ့သြသင့်သွားရသည်။
"မင်း ဆေးရုံက ဆင်းပြီးရင်တော့ အစ်ကိုကြီး မင်းကို ဘလိုင်းဒိတ် စီစဥ်ပေးမယ်"
ဖာ့ခ်!ဆုနို မလန့်ပဲမနေနိုင်တော့ပေ။
ဒီလို ထိတ်လန့်စရာကောင်းတဲ့ ဘလိုင်း...ဘလိုင်း...ဘလိုင်းဒိတ်လိုမျိုး မဖြစ်နိုင်တဲ့ ကိစ္စကြီးကို အစ်ကိုကြီး ဘယ်လိုများ ပြောထွက်နိုင်ရတာလဲ?!
"မင်းက မငယ်တော့ဘူး။သင့်တော်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာရတော့မယ့်အရွယ်ရောက်ပြီ" ဟန်ဝေ ပြောလိုက်၏။ "နောက်တစ်ပတ် သောကြာဆိုရင် ဘယ်လိုလဲ?"
လုံးဝမကောင်းဘူး!!အဲ့လောက် အမြန်ကြီးမလုပ်နဲ့လေ! ဆုနိုရဲ့ မျက်နှာလေးက ညိုးငယ်နေရသည်။
"ဘာဖြစ်လို့ ဒီကိစ္စကို ရုတ်တရက်ကြီး ပြောရတာလဲ?"
YOU ARE READING
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...