[81]

1.4K 219 7
                                    

[Unicode]

အခန်း(၈၁):အိမ်ကို အတူတူ ပြန်ရ​အောင် နှင့် အစ်ကိုကြီးကို ကူညီပေး

နွေဦးနှောင်းပိုင်းတွင် ရာသီဥတုက မအေးသော်လည်း ညဘက်တွင် အနည်းငယ်တော့အေးနေသေးသည်။ထို့အပြင် နှစ်ယောက်စလုံးသည် ခေါင်းမှ ခြေဖျားအထိ စိုရွှဲနေခဲ့သေးသည်။

"ဟက်ချိုး!" ထန်​ရှောင်းယွီ အိမ်ပြန်ရောက်သောအခါ ဖိနပ်ချွတ်​နေရင်း နှာချေလိုက်၏။

"ကိုယ် မင်းအတွက် သကြားညိုနဲ့ဂျင်းလက်ဖက်ရည် လုပ်ပေးမယ်" ချိုးကျီယန်သည် ကမ်းလှမ်းလိုက်သည်။

"ရေအရင်ချိုးလိုက်ဦး.."

ထန်​ရှောင်းယွီ မတ်တပ်ထရပ်လိုက်ပြီး "အကိုကျီရန် အခု အအေးမိပြီးအသံပျောက်သွားရင် Mikeက သူ့လက်ကောက်ဝတ်ကို လှီးဖြတ်ပြီး ကျွန်တော်ရှေ့မှာ သတ်သေသွားလိမ့်မယ်" သူက တစ္ဆေသရဲအဖြစ်ကို ပြောင်းလဲသွားရင်​တောင် မြည်တွန်​တောက်တီး​နေအုံးမှာပဲ,ကြည့်ရတာနဲ့တင် ကြောက်စရာကောင်းလွန်းမယ့် မြင်ကွင်းပဲ!

"ဒါဆို အတူတူ ရေချိုးရအောင်" ထန်​ရှောင်းယွီ၏ပခုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်ပြီး ချိုးကျီယန်သည် ရေချိုးခန်းဘက်သို့ ဦးတည်ကာလျှောက်သွားသည်။

"ဘာလို့ ကျွန်တော်က မီးဖိုချောင်ထဲမှာ သကြားရည် သွားမကြိုရမှာလဲ?" ထန်​ရှောင်းယွီသည် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"မင်း အအေးမိသွားရင် မင်းရှေ့မှာ ကိုယ့်လက်ကောက်ဝတ်ကို ဖြတ်ပစ်လိုက်မယ်" ချိုးကျီယန်သည်လည်း လေးနက်စွာ စစ်ကြေငြာလိုက်သည်။

ထန်​ရှောင်းယွီက သူ့စိတ်ထဲတွင် လုံး၀ကမောက်ကမ ဖြစ်နေသလို ခံစားလိုက်ရပြီး "ဒါကို ယုံမယ်လို့ ထင်လား?"

"ဘာလို့မဖြစ်ရမလဲ? ကိုယ်တကယ် ပြော​နေတာ!" ချိုးကျီယန်၏မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေပြီး သူ့ကိုယ်သူ သတ်သေခြင်းအကြောင်းပြောနေသည်မှာ အိပ်လိုက်,စားလိုက် ပြောကဲ့သို့ သူ့အတွက် ပို၍သဘာဝကျကျပင်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now