[43]

2.3K 432 13
                                    

[Unicode]

တစ်ညတာတည်းခိုခြင်းနှင့် မုန်လာဥနီစားခြင်း


"မသွားပါနဲ့!"

မုချိုးသည် ဒရမ်မာဇာတ်လမ်းထဲက ဇာတ်လိုက်မင်းသားလို ခံစားချက်တွေအပြည့်နဲ့ လက်ကိုဆန့်ကာ သူ့လက်ကို ဆွဲကိုင်လိုက်သည်။

ကျုံးလီဖုန်းပိုင် ခေါင်းကိုက်သွားကာ...."တော်​တော် နောက်ကျ​နေပြီ"

"ကိုယ် မင်းကို တကယ် ကြိုက်တာပါ"
မုချိုးက အမူးလွန်ပြီး ကမ္ဘာကြီးကို အရှုံး​ပေးလုနီးပါးဖြစ်​နေ​သော်လည်း သူ့ရဲ့ကညား​ရေရွတ်သလို ပြော​နေတဲ့ စာ​ကြောင်း​တွေအ​ပေါ်ကို​​တော့ သက်​​ရောက်မှုရှိပုံ မ​ပေါ်​ပေ။

"ကိုယ်က မင်း​ဘေးမှာ ရပ်နိုင်ဖို့ အရည်အချင်းမလုံ​လောက်ဘူးဆိုတာ သိပါတယ်" မုချိုးရဲ့စကားလုံး​တွေက ဗလုံးဗ​ထွေးဖြစ်​နေသည်။ "ကိုယ်က ပညာရေးဘက်မှာလည်း အများကြီး မတတ်ပါဘူး "

ကျုံးလီဖုန်းပိုင် တစ်ခဏမျှအေးခဲသွားရသည်။

မုချိုးရဲ့မျက်ခုံး​တွေက ကျုံ့​ထား​ပေမယ့် တစ်ဖက်လူရဲ့လက်ကို​တော့ အထူးတလည် တင်းကြပ်စွာ ကိုင်ထားသည်။

"ကိုယ့်အ​ပေါ်ကို ဘာလို့သေချာမကြည့်​ပေးရတာလဲ?"

သူ မလွတ်နိုင်မှန်းသိ​တော့ ကျုံးလီဖုန်းပိုင်သည် သူ့​ဘေးမှာ ဆောင့်​ကြောင့်ထိုင်လိုက်ရင်း သက်ပြင်းချလိုက်ရသည်။

"ကိုယ် မင်းကို ချစ်တယ်" ဥက္ကဌမုရဲ့မျက်စိတွေက စုံလုံးပိတ်​နေပြီး ပြုံးပြလိုက်၏။ "ကိုယ် မင်းနဲ့အတူတူ အိပ်ချင်တယ်!"

ကျုံးလီဖုန်းပိုင်သည် သူ့ရဲ့အကြီးမားဆုံးဆန္ဒက တစ်ဖက်လူကို ပါးဖြတ်ချရမယ်လို့ ခံစားမိပြီးနောက် သူ့ရဲ့မျက်လုံး​တွေက လက်သွားတော့သည်။ဒါ​ပေမယ့် သူပါးချဖို့ အခွင့်အရေးမရ​ခင်မှာပဲ မုချိုးက အိပ်ယာ​ပေါ် ကုတ်တွယ်တက်​နေပြီဖြစ်သည်။

"ခင်ဗျား ဘာလုပ်​နေတာလဲ!"

ကျုံးလီဖုန်းပိုင်ရဲ့ သတိ​ပေးချက်​တွေက တစ်ခုပြီးတစ်ခုမြည်လာတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now