[Unicode]
အခန်း(၅၄):တစ်ဝိုင်းဧည့်ခံမယ် နှင့် ကိုယ် သဝန်တိုတယ်
ဆုနိုသည် ချိုးကျီယန်နှင့်သီးသန့်မဆက်ဆံလိုသော်လည်း သူ၏အစ်ကိုဖြစ်သူရဲ့ တာဝန်ပေးထားမှုကြောင့် သူ့ကို ဒိုင်အန်းက ပွဲကျင်းပရာခန်းမကို ခေါ်မသွားခင် အချိန်ကြားလေးမှာ ရသလောက် အချိန်ယူစဥ်စားနေသည်။
"ဘာဖြစ်လို့လဲ?" မန်နေဂျာက မေးလိုက်သည်။
"ဒီည ချိုးကျီယန်ကို ညစာစားဖို့ ဖိတ်လိုက်ရင် ထူးဆန်းတဲ့ပုံ ပေါ်သွားမလား? " ဆုနို၏မျက်နှာသည် 囧 ပုံလေးဖြင့် ပြည့်နေသည်။
ဒိုင်အန်း သူ့ရဲ့စကားတွေကိုကြားလိုက်ရပြီးနောက် အံ့သြထိတ်လန့်သွားတော့သည်။ "မင်းက ဘာလို့ ချိုးကျီယန်ကို ထမင်းစားဖို့ဖိတ်ချင်ရတာလဲ?" သူက ချိုးကျီယန်ကို 'abs ပျောက်ကွယ်စေနိုင်တဲ့ အဆိပ်' ကို ခတ်ချင်နေလို့များ,အခွင့်အရေးကိုယူဖို့ ကြိုးစားနေတာလား?
ဒါက အလွန်ပင်တုံးအသည်ဟုထင်ရသော်လည်း ဆုနို၏တွေးခေါ်နိုင်စွမ်းအပေါ် အခြေခံကျကျတွေးကြည့်မယ်ဆိုရင် လုံးဝဖြစ်နိုင်သည်။ ထို့ကြောင့် ဒိုင်အန်း ဆုနို ၏လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "မင်းစိတ်အေးအေးထားရမယ်နော်!"
"ငါစိတ်မထိန်းနိုင်တော့ဘူး " ဆုနိုသည် ချိုးကျီယန်လို လူမျိုးက တကယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ခံစားခဲ့ရသည်။ ဒါပေမယ့်လည်း သူကသူ့အစ်ကိုကြီးကို မလွန်ဆန်နိုင်သည့်အတွက် လိမ်ပြောလိုက်သည်။
"သူ့နဲ့ ကျုံးလီဖုန်းပိုင်ရဲ့ ရုပ်ရှင်အသစ်အကြောင်းပြောချင်တယ်လို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ။ အဆင်ပြေလောက်လား? "
လုံးဝ အဆင်မပြေဘူး! ဒိုင်အန်း သူ့ကို သတိပေးလိုက်သည်။ “ ဒီရုပ်ရှင်မှာ မင်းနဲ့သူက အဓိကဇာတ်ကောင်ဖြစ်ခဲ့ရင်တောင် လာမယ့်နှစ်နွေရာသီမှာမှ စပြီးရိုက်ကူးဖြစ်လိမ့်မယ်။ ဒါတောင် ဘာကိုမှမသတ်မှတ်ရသေးဘူး။ ဆွေးနွေးစရာ ဘာရှိသေးလို့လဲ။ ကြည့်ရတာတော့ မင်းသူနဲ့ တကယ်အလုပ်လုပ်ချင်နေပုံရတယ်! "
YOU ARE READING
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...