[42]

2.5K 420 10
                                    

[Unicode]

ပရမ်းပတာတွေကြားက အချစ်နှင့် ထိတ်လန့်​တကြားဖြစ်နေရသည့် ဒါရိုက်တာ

သူ့ရဲ့ အစ်ကိုကြီးကို နှင်ထုတ်လိုက်ပြီး​နောက် ဆု​ရှောင်းနိုသည် မြန်မြန်ဆန်ဆန်ဖြင့် သူ့ဖုန်းကိုထုတ်
ကြည့်လိုက်​သော်လည်း စာပို့သည့်သူမှာ တကယ်တော့ ကျုံးလီဖုန်းပိုင်ဆီက ဖြစ်​နေသည်။

လူမှန် မဟုတ်ဘူး!!

ပြီးတော့ မေးထားတဲ့အ​ကြောင်းအရာကလည်း အိုးရန်လုံရဲ့ ဖုန်းနံပါတ်ကို တောင်းထားတာပဲဖြစ်သည်။

ဘာ​တွေဖြစ်ကုန်တာလဲ?ရုတ်တရက်ကြီး သူ့ရဲ့စိတ်ထဲမှာ သတိ​ပေးချက်​တွေ မြည်လာပါတော့၏။
အဲ့ဒီ ဒါရိုက်တာအရူးက သူ့လူကြီးကို လိုက်​နေတာလား?ဒါ အရမ်း,အရမ်းကို လန့်စရာကိစ္စပဲ!

ထို့​ကြောင့် သူ ခပ်မြန်မြန်ပဲ ဖုန်းခေါ်လိုက်ပြီး​တော့ ဒေါသတကြီးဖြင့် မေးလိုက်သည်။
"မင်းက ဘာဖြစ်လို့ သူ့ဖုန်းနံပါတ်ကို ရုတ်တရက်ကြီး လိုချင်ရတာလဲ?"

ပဏမမယားကြီးတစ်​ယောက်လိုပုံစံဖြင့်........

"အဲဒါက အရေးကြီးလို့ပါ!" ကျုံးလီဖုန်းပိုင် လန့်သွားပြီး "ငါအရင်တုန်းက ဒါရိုက်တာအိုးရန်လုံနဲ့ business card တွေလဲလှယ်ခဲ့ပေမယ့် ငါ ပြန်ရှာတာ မ​တွေ့​တော့လို့။အခုမင်းမှာရှိရင် ငါ့ကိုမြန်မြန်လေး ပြောစမ်းပါ....အား!!ကျွန်တော်နဲ့ ဝေးဝေးနေ! "

"မင်း ဘာလုပ်နေတာလဲ?" ဆုနို မျက်မှောင်ကြုတ်ပြီး "ဘာလို့ ဒီလောက်အသံကျယ်​နေရတာလဲ"

"ငါကအိမ်မှာ ... အား! အဲ့ဒီ​နေရာကို မထိနဲ့!ကျွန်​တော့်ရဲ့အတွင်းခံဘောင်းဘီကို ဒီတိုင်းထားထားစမ်းပါ " ကျုံးလီဖုန်းပိုင် ထအော်သည်။

ဆုနို လေ​အေးတစ်ချက် ရှူသွင်းလိုက်ရင်း....."မ-မင်-မင်း,နှာဘူး​ကောင်!" အတွင်းခံ မဝတ်ဘဲ ဘာလို့ ဖုန်း​ကိုင်ရတာလဲ!

"ဘာပဲဖြစ်ဖြစ် အိုးရန်လုံကို မြန်မြန်ပြော......ခွေး​ကောင်! ခင်ဗျားကို သတ်ပစ်​တော့မယ်!"

ကျုံးလီဖုန်းပိုင် သည်းမခံနိုင်​တော့​ဘဲ နောက်ဆုံး ဖုန်းချလိုက်ရသည်။ဖုန်းကိုကိုင်ထားရင်း သုံးစက္ကန့်ကြာအောင်ငုံကြည့်ပြီးနောက် ဆုနို ထပ်ခေါ်ဖို့ကြိုးစားလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now