[48]

2.4K 398 9
                                    

[Unicode]

နူးညံ့သိမ်​မွေ့တဲ့ အစီအစဉ်နှင့် သူတို့ တကယ် နမ်းလိုက်ကြပြီ!

နူးညံ့ပြီး ခန့်ညားတဲ့ top တစ်ဖြစ်, မစ္စတာဒါရိုက်တာသည် မုချိူးနဲ့ အလုပ်အကြောင်းစကားပြောနေစဉ်မှာပင် ဆုနိုကို ဆေးမှန်မှန်​သောက်ဖို့နဲ့ကောင်းမွန်စွာအနားယူဖို့အတွက် သတိပေးဖို့လည်း မ​မေ့ပေ။

"မင်း ပြောလို့ပြီးပြီလား?!"

မစ္စတာမု အော်လိုက်ကာ ပြန်လည်​ချေပလိုက်သည်။

သူ ရှင်းရှင်းလင်းလင်းကြီးကို ပြနေတာပဲ!
သူတို့တွေက အရင်မြည်းစမ်းဖူးတာကိုများ အံ့သြစရာကောင်းလို့လား! တကယ်ဖြစ်ပေမယ့်လို့​ပေါ့လေ!
ဒါပေမယ့် အခုထိ! ငါကို အရှုံးသမားတစ်ယောက်လို လာမကြည့်နဲ့ကွ! ဒါ ရန်စ​နေတာပဲ!

"ပထမထပ်ရဲ့အနောက်ဘက်ဆုံးနေရာက ကောင်းတဲ့နေရာပဲ" မုချိုး မနာလိုမှုကြောင့် သူတစ်ပါးကို မရိုက်နှက်မိ​အောင် ကာကွယ်ဖို့အတွက် စကားဝိုင်းထဲကို အလုပ်အ​ကြောင်း ပြန်ဆွဲထည့်ဖို့ကြိုးစားလိုက်သည်။

"အဲဒါ ငှားဖို့မဟုတ်ဘူး" ဒါရိုက်တာအိုးရန်သည် တစ်ခါက သူ့ကိုကြည့်ခဲ့သည့် အထင်​သေးတဲ့အကြည့်ကို မှတ်မိ​နေတုန်းဖြစ်ပြီး လူကြီးလူကောင်း မပီသစွာပြန်ပြောလိုက်သည်။

"ဘာလို့လဲ?" မုချိုး စိတ်ရှုပ်ထွေးစွာ ပြန်​မေးလိုက်သည်။ "မင်း ရင်းနှီးမြှုပ်နှံမှုအတွက်လူ မရှာဘူးလား "

"ရှာတယ်။ဒါ​ပေမယ့် ငါတို့က မင်းကို မပေးချင်လို့​ပေါ့ကွာ" အိုးရန်လုံ သူ့ကို ရှင်းရှင်းလင်းလင်းပင် ပြောခဲ့သည်။

မုချိုး အံ့အားသင့်သွားပြီး ဒေါသတကြီးနဲ့ "ငါဒီမှာ အတည်​ပြော​နေတာ!"

“ငါ မင်းနဲ့ စီးပွားရေးကိစ္စမဆွေးနွေးချင်ဘူး” အိုးရန်လုံက​တော့ ပေါ့ပေါ့ဆဆပဲ ပြန်ပြောလိုက်သည်။

သူ အဲ့ဒီအတွက်ပဲ မေး​နေတာ​လေ!သူ အဲဒါကိုပဲတောင်းဆိုနေတာ!
ဒါရိုက်တာမုရဲ့ ဒေါသအထွတ်အထိပ်က ခေါင်မိုးကိုဖြတ်ပြီး ပေါက်ကွဲသွားတဲ့အချိန်မှာပဲ သူ အံသွားကို တင်းတင်းကြိတ်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now