[Unicode]
အခန်း(၆၈):အတူတူ စားကြရအောင်နှင့် ညတာရှည်တဲ့ ညတစ်ညပါပဲ
အိုးရန်လုံသည် အလွန်အားကောင်းလာသည်နှင့်အမျှ သူသည် ဆုနို၏ 'crackers delivery plan' ကိုလုံးလုံးလျားလျားနှောင့်နှေးစေခဲ့သည်။ ဆုနိုသည် နေ့လယ်စာ စားခါနီးမှသာ နိုးလာတော့သည်။
"နာနေသေးလား?" အိုးရန်လုံသည် ကုတင်အစွန်းတွင် ထိုင်နေသည်။
ဆုနို ညည်းညူရင်း ညည်းညူနေတော့သည်။
ကျွန်တော့်ခါးသေးသေးလေးက နာကျင်နေရတယ်!
သူ့လူကြီးက တကယ်ကိုရန်လိုတတ်တာပဲ။ သူက လုံးဝကို မစ္စတာရန်လိုပဲ!!"ကိုယ် မင်းအတွက် အရသာရှိတဲ့ ကြက်သားဆန်ပြုတ်ဝယ်လာခဲ့တယ်" အိုးရန်လုံသည် ဆုနိုရဲ့ အတွင်းခံဘောင်းဘီလေးကို ကူပြီး ချွတ်ပေးလိုက်သည်။
ဆုနို၏ နားရွက်များက ပူထူပြီးနီလာသည်။ သူတို့က အရင်းနှီးဆုံးကိစ္စတွေကိုလုပ်ခဲ့ပြီးပြီဆိုပေမယ့်လည်း သူ့တင်ပါးလေးကိုပြတာက သူ့ကိုနည်းနည်းတော့ရှက်ရွံ့စေတုန်းပဲ။
"မင်း ရေနွေးနဲ့ရေချိုးလိုက်ရင် ပိုအဆင်ပြေသွားလိမ့်မယ်" အိုးရန်လုံသည် သူ့ကိုရေချိုးခန်းထဲ ခေါ်သွားပြီး "မင်း ကိုယ့်ကိုကူညီပေးစေချင်လား? "
ဒါမျိုး မဖြစ်ရဘူး!! ဆုနို ခေါင်းယမ်းလိုက်သည်။
ဆုနို ငြင်းပယ်လိုက်ရခြင်းမှာ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ကို ကူညီခိုင်းလိုက်တုန်းကလည်း ကုတင်ပေါ်မှာပဲ ထပ်အဆုံးသတ်သွားရတာကြောင့်ပဲ!သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဂန္ဓမာပန်းလေးက ဒါမျိုးကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး!
“ကောင်းပြီ။ ကိုယ် မင်းအတွက် ပြန်နွေးပေးထားမယ်" အိုးရန်လုံသည် နဖူးပေါ်ကို နမ်းလိုက်ပြီး အလိုလိုက် ချစ်ခင်မှုရဲ့အမှတ်အသားကို ပြသလိုက်သည်။
ဆုနိုသည် ကြောင်ပိုင်ရှင်က ကြောင်ဗိုက်လေးကိုပွတ်ပေးခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့ပင် ရုတ်တရက် အလွန်ပျော်ရွှင်ပြီး ကျေနပ်အားရနေပါသည်။ သူ့မျက်လုံးများက ပျော်ရွှင်ခြင်းများဖြင့် မှုန်ဝါးသွားလေသည်...။
YOU ARE READING
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...