[Unicode]
ကလေးကလားဂိမ်းနှင့် အတူတူ သွားကြရအောင်
ချိုးကျီယန်အား Ren Rui Group မှ ကျင်းပတဲ့ညစာစားပွဲသို့ ဖိတ်ကြားထားသည်ကို မြင်သောအခါ ထန်ရှောင်းယွီသည် ပြင်ဆင်စရာရှိလျှင် ကုမ္ပဏီကိုတစ်ခေါက်ပြန်ဝင်ရန်အတွက် ညနေ ၅ နာရီခန့်လောက်တွင် ထွက်ခွာမလားဟု မေးလိုက်သည်။
"ပြင်စရာ ဘာရှိသေးလို့လဲ?" ချိုးကျီယန် မရယ်ဘဲမနေနိုင်တော့ပေ။
".....အဝတ်အစားနဲ့မိတ်ကပ်တွေလေ?" ထန်ရှောင်းယွီက နာမည်ကြီးဆယ်လီတွေရဲ့ လူနေမှုပုံစံနှင့်အကျွမ်းတဝင်မရှိသောကြောင့် သူ သိထားသည့်အတွေ့အကြုံထဲမှ တစ်ချို့ကို ခန့်မှန်းပြီးပဲ ပြောနိုင်သည်။
"မလိုပါဘူး, ဒါက တခမ်းတနားပွဲကြီးမဟုတ်ဘူး။ ဒါကြောင့် ငါတို့ ဒီအတိုင်းပဲ သွားလို့ရတယ်။ "
ထန်ရှောင်းယွီက တီဗီကြည့်ရန် ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"ညနေစာဘာစားချင်လဲ? အကိုချိုး နေ့လည်တရေးအိပ်တုန်း မိုင်ခယ့်က ပစ္စည်းအချို့ကို လူတစ်ယောက်နဲ့ ပို့ပေးလိုက်တယ်"
ထန်ရှောင်းယွီသည် လက်ဆတ်တဲ့ ပါဝင်ပစ္စည်းအချို့ကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး "ဒီမှာ အညွှန်းတွေပါတယ်,ကျွန်တော် အကိုချိုးအတွက် လုပ်ပေးမယ် "
"ငါ့ရဲ့ကိုယ်ပိုင် နည်းပြဆရာဆီက အစားအသောက်တွေလား?" သူကြားလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ စားချင်စိတ်တွေ ပျောက်ကုန်၏။
"မင်းအတွက်ကရော ဘာချက်မှာလဲ?""မနေ့ညက ထမင်းကို ကြော်မလို့" ထန်ရှောင်းယွီ ပြန်ဖြေလိုက်သည်။
"ငါ မင်းနဲ့ လဲစားမယ်" ချိုးကျီယန်က သံမဏိကဲ့သို့ခိုင်ခိုင်မာမာ ဖြင့်ပြောလိုက်သည်။ အထာကျကျနဲ့ ရဲရဲရင့်ရင့်ပဲ!
"ကောင်းပြီလေ,ဒါပေမယ့် မိုင်ခယ့်ကိုတော့ မပြောနဲ့နော်" ထန်ရှောင်းယွီ ထမင်းကြမ်းတစ်ပန်းကန်ကို ယူလိုက်ပြီး "သူအော်လိုက်ရင် အရမ်းကြောက်စရာကောင်းတယ်"
أنت تقرأ
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
عاطفيةThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...