[Unicode]
အခန်း(၈၇):အကြားအာရုံကောင်းချက် နှင့် သူ့ကို ငါပြောသင့်လား?
“စောသေးတယ်။ ဆေးရုံသွားကြရအောင်။" အိုးရန်လုံသည် ကားမောင်းနေရင်း အကြံပြုလိုက်သည်။“သွားကြမယ်လေ။”ဆုနိုသည် သူ့နှုတ်ခမ်းပေါ်က ဆောစ်အနည်းငယ်ကို စုပ်လိုက်ပြီး "ဥက္ကဌမုကော ဘယ်လိုနေသေးလဲ?"
"အခြေအနေက သိပ်မဆိုးဘူးလို့ ထင်တယ်။ ကိုယ် ဒီနေ့ သူ့ဆီဖုန်းခေါ်တော့ ဒါရိုက်တာကျုံးက သူ အနားယူနေတယ်လို့ ပြောတယ်။"
ကျုံးလီဖုန်းပိုင်က မုချိုးအစား ဖုန်းဖြေပေးနေတယ်ပေါ့။ ဟမ်...ဆုရှောင်းနိုသည် ချက်ခြင်းငြူစူမိသွားသည်။ ဒါက ဇနီးမောင်နှံနှင့် ပိုတူစေတာကြောင့် မစ္စတာဒါရိုက်တာ၏ခေါ်ဆိုမှုတွေကိုလည်း သူက အစားဖြေပေးချင်မိသည်။
_____________________________
"ဒါနောက်ဆုံးပဲ။နည်းနည်း ကျန်တာလေးတွေကို စားပြီးရင် ပြီးပြီ" ကျုံးလီဖုန်းပိုင်သည် ဆေးရုံခန်းထဲတွင် မုချိုးကို ညလယ်စာ ကျွေးနေသည်။
"ဒီနေ့ ဒါက ကိုယ့်ရဲ့ပဉ္စမအကြိမ်မြောက် စားတာနော်။" မုချိုးက သတိပေးလိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ?!"ကျုံးလီဖုန်းပိုင်သည် ဇွန်းကို ပါးစပ်နားသို့ တွန်းလိုက်သည်။
"ကိုယ် ဗိုက်ပြည့်ပြီ။" မုချိုးသည် အပြစ်ကင်းသည့်အကြည့်လေးဖြင့် ကြည့်လိုက်သည်။
"........."
ကျုံးလီဖုန်းပိုင်သည် အေးစက်စက်ဖြင့် "ဟွန့်" တစ်ချက်ပေးလိုက်သည်။
ခင်ဗျားကို*ချက်ပေးချင်လို့*ချက်ပေးနေတာ*မဟုတ်ဘူး*ဘာလို့လဲဆိုတော့*ခင်ဗျားကို သနားလို့!
"ထားလိုက်ပါ။ကိုယ် ပြီးရင်စားလိုက်ပါ့မယ်" မုချိုးသည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒီနေ့ မင်း အနားယူနေတာ မတွေ့မိသေးဘူး"
ကျုံးလီဖုန်းပိုင်သည် ငါးဆန်ပြုတ်အနည်းငယ်ကို အပြီးမသတ်မီ သူ့လက်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။
YOU ARE READING
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...