[Unicode]
မတော်တဆမှုနှင့် သူက မင်းရဲ့ မေမေ
ဒိုင်အန်း အခုမှ အသက်ရှူချောင်သွားလေသည်။
ဒီဘိုးဘေးလေးကို ချွေးသိပ်ပေးဖို့က အရမ်းကိုခက်တာပဲ!၁၀မိနစ်အကြာမှာ....catwalkက စတင်ပါတော့သည်။
အဲ့ဒီနောက် သူတို့နှစ်ယောက်ကို catwalk စီစဉ်သူဒါရိုက်တာက စင်နောက်ကို ခေါ်သွားပြီး ရှိုးပြရမည့် ပစ္စည်းတွေကို ပြပေးနေသည်။
ဒိုင်အန်းနဲ့ မိုင်ခယ့်တို့ကတော့ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လိုက်ကြကာ အတုအယောင်ချီးကျူးပြီး အချင်းချင်း ထောပနာတွေပြုနေကြသည်။အဲ့ဒီနောက်မှာတော့ သူတို့ စိတ်ထဲမှာ အချင်းချင်း ဆဲရေးလိုက်ကြသည်။
တကယ်ကို အယောင်ဆောင်သမားတွေပဲ!ဖန်ကလပ်က ပရိတ်သတ်တွေကလည်း မနက်အစောကြီးကတည်းက ရောက်လာကြပြီး သူတို့ရဲ့ idol ကို အကောင်းဆုံးရှု့ထောင့်ကနေ အားပေးဖို့ နေရာကောင်းတစ်ခုကို ရှာဖွေထားနှင့်ပြီးပြီဖြစ်သည်။
ဒါကြောင့်သူတို့ခင်ဗျာ နာရီအနည်းငယ်စောင့်နေပြီးပြီဖြစ်ကာ အဖွင့်သီချင်းကိုကြားလိုက်တဲ့အခါ ကောင်မလေးတွေရဲ့စိတ်ထဲမှာ ဘယ်လိုခံစားသွားရမလဲဆိုတာကို နားလည်ပေးဖို့က လွယ်ပါ၏။စူးစူးရှရှ အော်သံတွေက နားအူမတက်ကို ဆူထွက်လို့လာသည်။ ဆုရှောင်းနိုလေးရဲ့ စိတ်အခြေအနေက တအားကို တက်ကြွနေတာကြောင့် အကောင်းဆုံး ပြုံးပြနေပြီး တစ်ယောက်သောသူကတော့ ပုံမှန်ဖြစ်နေကာ အေးစက်တဲ့ အသွင်ကို ဆောင်နေသည်။
လှပပြီး ကျော့ရှင်းတဲ့အပြုံးလေးကို ချိတ်ဆွဲထားသည့် သူတို့နောက်ကို ကင်မရာသမားက ချိန်လိုက်ပြီး screen မျက်နှာပြင်ကြီးပေါ်မှာတင်လိုက်ပြီးချိန်မှာပဲ ကောင်မလေးတွေက ချက်ချင်းပင် အသက်ရှူရပ်သွားတော့သည်။
တကယ်ကိုချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝလွန်းတယ်!ထို့ကြောင့် စူးရှတဲ့အော်ဟစ်သံတွေက ပို၍ပင် ပြင်းထန်လာပြီး အခမ်းအနားကျင်းပနေသည့် နေရာရှိ လေထုကလည်း အလွန်မြင့်တက်လာတော့သည်။
BẠN ĐANG ĐỌC
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
Lãng mạnThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...