- 1 -

19.9K 1.1K 25
                                    

ဧည့်ခန်းထဲက စားပွဲပေါ်မှာ ဝမ်ရိပေါ်ကြိုက်တဲ့ ဟင်းတွေ စုံနေတယ်။ ရှောင်းကျန့်မှာ ဒီညစာကို ပြင်နေရတာ ခါတိုင်းနေ့တွေထက် ပို အလုပ်ရှုပ်နေတယ်။ အနီးနားမှာရှိတဲ့ စူပါမားကတ်က အရမ်းသေးတယ်ထင်လို့ သူ့မှာ နည်းနည်းဝေးတဲ့စူပါမားကတ်ကို ကားနဲ့သွားရတယ်။ ဟင်းသီးဟင်းရွက်ဈေးကိုသွားပြီး ဈေးကြီးလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးဝယ်တယ်။ ဝမ်ရိပေါ်ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့အတွက် စားပွဲအပြည့် ပြင်ဆင်ထားတယ်။

သူ နောက်ထပ် လက်ဆောင်လည်း ဝယ်လာခဲ့သေးတယ်။ လှလှပပလေး ထုပ်ပိုးထားပြီး အခန်းထဲမှာ ဖွက်ထားတယ်။ အံ့ဩသွားစေချင်လို့ပါပဲ။

ဝမ်ရိပေါ်က သူ အရက်သောက်ချင်တယ်တဲ့။ ရှောင်းကျန့် သဘောတူလိုက်တယ်။ သူ့သူငယ်ချင်းကို အကူအညီတောင်းပြီး ဝိုင် ၂ ပုလင်း ဝယ်လိုက်တယ်။ ဝမ်ရိပေါ် ကြိုက်မကြိုက်တော့ သူမသိဘူး။ နောက်ထပ် ရှန်ပိန်အနည်းငယ်နဲ့ တခြား နိုင်ငံခြားဖြစ် အရက်တချို့လည်း ဝယ်ထားလိုက်တယ်။ ဒီကလေးရဲ့ အသက်ပြည့်မွေးနေ့ပွဲကို ပိုပြီး စည်သွားစေချင်လို့ပါပဲ။

ဝမ်ရိပေါ်ရဲ့ ပုံမှန်ပုံစံက စကားနည်းပေမဲ့ သူ့ဟာနဲ့သူတော့ စီစဉ်တတ်ပါတယ်။

ဒီနေ့ပြီးရင် ဝမ်ရိပေါ်က လူကြီးဖြစ်ပြီ။ သူ ခဏတာ ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့တာဝန်ကနေ ကျွတ်ပြီ။ ပြီးရင် အဲ့လူကြီးဖြစ်သွားတဲ့ကောင်လေးက သူ့ကိုယ်သူ ဂရုစိုက်နိုင်ပြီဖြစ်တယ်။

အခုအချိန်မှာတော့ ချက်ထားတဲ့ဟင်းပွဲတွေဟာ ဒီအတိုင်းပဲ ရှိနေပြီး တဖြည်းဖြည်းနဲ့ အေးစက်သွားတယ်။

ဒါပေမဲ့ ဝိုင် ၂ ပုလင်းကတော့ ကုန်သွားပြီဖြစ်တယ်။

အနီရောင် ဝိုင်အရက်တွေဟာ ကြမ်းပေါ်မှာ ပြန့်ကျဲနေတယ်။

ရှောင်းကျန့်ရဲ့အိပ်ခန်းတံခါးဟာ ပွင့်နေလျက်ရှိပြီး အိပ်ရာပေါ်မှာတော့ အရိပ်နှစ်ခုဟာ ရင်းနှီးတဲ့အပြုအမူတွေကို ပြုနေကြတယ်။

သူငယ်ချင်းက ပြောဖူးတယ်။ ဝိုင်အရက်က သိပ်မပြင်းဘူးတဲ့။ ၂ ပုလင်းသောက်ထားရင်တောင် အဆင်ပြေနေနိုင်သေးတယ်တဲ့။ ပြီးတော့ အဲ့သူငယ်ချင်းက ဖျော်ဖြေရေးဘားတခုကိုလည်း ပိုင်တယ်။ အဲ့ဒါကို အခု သူက ဘာလို့ သူ့ကလေးနဲ့ ဝိုင်လေး ပုလင်းတဝက်လောက် သောက်ပြီး မူးနေရတာလဲ။ မျက်လုံးကို တဝက်မှိတ်ထားရင်း မျက်နှာကြက်က မီးဆွဲကို ကြည့်နေမိတယ်။ သလင်းကျောက်တွေနဲ့ လုပ်ထားတဲ့ ရောင်စုံမီးလုံးတွေဟာ သူ့မျက်လုံးကို အလင်းပြန်နေတယ်။

You are my _____. ||Completed||Where stories live. Discover now