ရေချိုးပြီးတဲ့နောက် ဝမ်ရိပေါ်က အဝတ်အစားလဲပြီး အိပ်ရာပေါ် တက်သွားတယ်။ စောင်ကို မျက်နှာလုံအောင် ဆွဲခြုံပြီး မျက်စိမှိတ်လို့ အိပ်ပျော်ချင်ယောင် ဆောင်တယ်။
ရှောင်းကျန့်က ဆံပင်အခြောက်ခံပြီးတာနဲ့ အိပ်ရာပေါ် တက်လာတယ်။ ဝမ်ရိပေါ်ရှေ့မှာ ဒူးလေးထောက် ထိုင်ချတယ်။ တဖက်လူရဲ့ ဘာအမူအရာမှ မရှိတဲ့ ကလေးသာသာ မျက်နှာလေးကို ကြည့်ပြီး သူ အမှားလုပ်မိသလို ခံစားနေရတယ်။ စောင်စလေးကို ဆွဲရင်း ပြောလိုက်တယ်။
"အိပ်ပြီလား?"
"အိပ်ပျော်နေပြီ"
ပြုံးချင်တာကို ထိန်းရင်း ထပ်မေးလိုက်တယ်။
"အဲ့ဒါဆို အခုစကားပြောနေတာ ဘယ်သူလဲ?"
"ခင်ဗျားရည်းစားက အိပ်နေပြီ အခု စကားပြောနေတာ ခင်ဗျားညီလေး"
ရှောင်းကျန့် ခေါင်းလေးငုံ့လိုက်တယ်။ သူ မပြုံးပဲ မနေနိုင်တော့ဘူး။
"အဲ့ဒါဆို ငါ့ရည်းစားလေးကို နှိုးပေးဖို့ ညီလေးကိုပဲ အကူအညီတောင်းရတော့မှာပဲ ငါ သူ့ကို ပြောစရာရှိလို့"
ဝမ်ရိပေါ်က ခဏရပ်သွားတယ်။ ပြီးတော့ ပြန်ပြောတယ်။
"ရည်းစားက အရမ်းအိပ်ပျော်နေလို့ မနိုးဘူး"
"တကယ်မနိုးတာလား?"
ဝမ်ရိပေါ်က စောင်ကို လက်နဲ့ဆုပ်ကိုင်တယ်။ ပြီးတော့ အပေါ်ကို ပြန်ဆွဲတင်တယ်။
ရှောင်းကျန့်က လက်လှမ်းလို့ စောင်ကို ပြန်ဆွဲချတယ်။ သူ့ပါးပေါ်မှာ ပါးချိုင့်လေး နစ်ဝင်သွားပြီး သူ့လေသံက အေးဆေးနေတယ်။
"အဲ့ဒါဆိုလည်း ဂရုမစိုက်တော့ဘူး ငါ ဒီအတိုင်းပဲ ပြောတော့မယ်"
ဝမ်ရိပေါ်ရဲ့ တကိုယ်လုံး တောင့်တင်းသွားတယ်။
ရှောင်းကျန့် စိတ်ထဲ ရယ်ချင်သလို ဖြစ်လာတယ်။ စောင်ပေါ်ကနေ ဝမ်ရိပေါ်ပခုံးကို ခပ်ဖွဖွ သပ်ပေးလိုက်တယ်။
လည်ချောင်းရှင်းပြီး ပြောလိုက်တယ်။
"ငါက မင်းကို အမြဲတမ်း သဘောကျခဲ့တာပါ"

YOU ARE READING
You are my _____. ||Completed||
Fanfictionအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.