- 11 -

6.4K 735 27
                                        

မိုးရွာနေပြန်ပြီ။

ရှောင်းကျန့်ဟာ အရောင်ဖျော့ဖျော့ ညဝတ်အင်္ကျီကို ဝတ်လို့ ဝရန်တာမှာ မတ်တပ်ရပ်နေရင်း သည်းသည်းမည်းမည်း ရွာတဲ့မိုးကို ကြည့်နေတယ်။ ဒီရက်ပိုင်းမှာ မိုး ခဏခဏ ရွာတယ်။ ရွာတိုင်းလည်း ကမ္ဘာလောကကြီးကို အဆုံးသတ်သွားစေတော့မလိုပဲ။ ကောင်းကင်ကြီးဟာ တခါမှ မလင်းခဲ့ဖူးသလို ညို့မှိုင်းလို့ အုံ့ဆိုင်းနေတယ်။

ရင်းနှီးနေတဲ့ဟင်းနံ့သင်းသင်းက မီးဖိုချောင်ထဲကနေ ထွက်လာတယ်။ ဝမ်ရိပေါ်က ဒလီဗာရီ မှာထားတယ်။ ရှောင်းကျန့်နိုးတဲ့အချိန်မှာ ဟင်းတွေ အေးနေပြီမို့ မီးဖိုချောင်ထဲ တခါပြန်ဝင်ပြီး အပူပေးနေတာဖြစ်တယ်။ ဟင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ ဝရန်တာမှာ ရပ်နေတဲ့ ရှောင်းကျန့်ကို လာခေါ်တယ်။

ရှောင်းကျန့်က အင်းတချက်ပေးလိုက်ပြီး အခန်းရှိရာ ပြန်လှည့်လာခဲ့တယ်။ နှစ်ယောက်သား ထမင်းစားပွဲမှာ ထိုင်တယ်။ ပန်းကန်သံ၊ ဇွန်းသံကလွဲရင် ထမင်းစားခန်းထဲမှာ တိတ်ဆိတ်နေတယ်။ သူစိမ်းနှစ်ယောက် ထမင်းအတူထိုင်စားနေသလိုမျိုးပဲ။

ရှောင်းကျန့်က ထမင်းကို အဆာပြေပဲစားတယ်။ သူ တူကို ဘေးချတာမြင်လိုက်တဲ့နောက် ဝမ်ရိပေါ်က ပန်းကန်သိမ်းဖို့ မတ်တပ်ထတယ်။ သူ ထမယ်ပြင်လိုက်တာနဲ့ တပြိုင်နက် ရှောင်းကျန့်က သူ့ကို ပခုံးကနေ ပြန်ဖိချတယ်။

ဝမ်ရိပေါ်က မျက်လုံးကို မော့ကြည့်ရင်း အေးဆေးတဲ့မျက်နှာပေးနဲ့ ပြောလာတယ်။

"ဘာပြောမလို့လဲ?"

ရှောင်းကျန့်က သူ့ကို ခပ်ဖွဖွ ပြုံးပြရင်း ပြောလိုက်တယ်။

"မပူပါနဲ့ ငါ မင်းကို အမှန်တိုင်း မပြောပါဘူး"

"အဲ့ဒါဆို ဘာပြောချင်တာလဲ?"

"ငါ မင်းကို ပြောဖို့ မေ့နေတာရှိတယ် ဒီည အပြင်ထွက်ပြီး အတန်းဖော်သူငယ်ချင်းတယောက်ရဲ့ မင်္ဂလာပွဲ သွားမလို့။ သူ ငါ့ကို ဖိတ်ထားတယ်"

သူ ခဏရပ်လိုက်တယ်။ ဝမ်ရိပေါ် သူ့ကို ပြန်ငြင်းမလာခင် ပြောလိုက်တယ်။

You are my _____. ||Completed||Where stories live. Discover now