ဓါတ်ပုံ Album လေးကို ဖွင့်လိုက်သလိုပဲ။ တဖြည်းဖြည်းနဲ့ ပေါ်လာတဲ့ အမှတ်တရတွေထဲမှာ ဝမ်ရိပေါ်ရဲ့ အားနည်းချက်တွေနဲ့အတူ တိတ်ဆိတ်နေတတ်တာတွေက ရှောင်းကျန့်ရဲ့ မျက်လုံးထဲမှာ အမှန်တရားတွေနဲ့အတူ ရုပ်လုံးပေါ်လာတယ်။
သူငယ်ချင်းဆီကနေ အပြန်မှာ သူတို့ တက်စီနဲ့ ပြန်ကြတယ်။ နှစ်ယောက်သား ကားနောက်ခန်းမှာ ထိုင်တယ်။ ဝမ်ရိပေါ်က ပြန်အိပ်ပျော်သွားပြန်တယ်။ ရှောင်းကျန့်ပခုံးပေါ် ခေါင်းမှီတင်ထားရင်း အိပ်ပျော်နေတာမို့ သူ့ဆံပင်နုနုတွေဟာ နဖူးပေါ်မှာ ဝေ့ဝဲကျနေတယ်။ ရှောင်းကျန့်က ကားဆရာကို ဖြည်းဖြည်းမောင်းဖို့ ခပ်တိုးတိုး ပြောလိုက်တယ်။ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး။ လမ်းပေါ်မှာ အရှိန်ထိန်းဘုတွေ ရှိတာမို့ သိပ်ကောင်းကောင်း အိပ်ပျော်ပုံမရဘူး။
သူ့ဒူးပေါ် တင်ထားတဲ့ လက်ချောင်းလေးတွေကို ရှောင်းကျန့် ကြည့်လိုက်တယ်။ လက်ချောင်းရှည်သွယ်သွယ်တွေမှာ လက်ဆစ်တွေဟာ ခပ်ထူထူ ရှိနေပြီး လက်ချောင်းထိပ်ဖျားလေးတွေက ပန်းရောင်သမ်းနေတယ်။ အပြင်က ကြော်ငြာဆိုင်းဘုတ်မီးတွေရဲ့ အလင်းရောင်နဲ့ အရိပ်တွေဟာ ကားမှန်ပြတင်းကနေတဆင့် ကားထဲကို တရိပ်ရိပ် ဝင်လာတယ်။ ကျောက်စိမ်းရောင် တောက်နေတဲ့ လက်ချောင်းလေးတွေကို ရှောင်းကျန့် အတန်ကြာ ငေးကြည့်ပြီးတဲ့နောက် တဖက်ကို မျက်နှာလွှဲလိုက်တော့တယ်။
ဝမ်ရိပေါ်ရဲ့ ဒီလိုအခြေအနေကို ရှောင်းကျန့် မတွေးထားခဲ့တာတော့ မဟုတ်ဘူး။ ဒီလောက်ထိ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့မိတာ။
သူ ဒီကလေးကို အိမ်ခေါ်လာတဲ့နေ့မှာ ဒီကလေးဟာ ပါးကြီးနှစ်ဖက် မို့တက်နေအောင် ပြုံးတတ်တဲ့ကလေးလေးအရွယ်ဖြစ်တယ်။
သူ့ပတ်ဝန်းကျင်ကလူတွေကို ကြွားစရာမလိုပါပဲနဲ့ကို ဒီကလေးဟာ လိမ္မာတဲ့ကလေး၊ စကားနားထောင်ပြီး ချစ်စရာကောင်းတဲ့ ကလေးလေးမှန်း လူတိုင်းသိကြတယ်။
မျက်စိတမှိတ်အတွင်းမှာပဲ ဒီကောင်လေးဟာ ဒီလိုဖြစ်လာခဲ့တယ်။
ရှောင်းကျန့် သက်ပြင်းဖွဖွ ချလိုက်တယ်။ သူ့ပခုံးပေါ် တင်ထားတဲ့ခေါင်းလေးက သူ့လည်တိုင်ကို ပွတ်သပ်လာတယ်။ အဲ့ဒီ့နောက် သူ့နာမည်ကို ဖွဖွခေါ်သံ ကြားလိုက်ရတယ်။

YOU ARE READING
You are my _____. ||Completed||
Fiksi Penggemarအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.