- 22 -

6.4K 678 35
                                        

ရှောင်းကျန့်တယောက် ဆိုဖာပေါ်မှာ လှဲနေရင်း ခြေထောက်ကို ဆိုဖာနောက်မှီပေါ်တင်လို့ လက်ကို ခေါင်းအနောက်မှာ ခုထားတယ်။ ကြမ်းတိုက်တံနဲ့ ကြမ်းတိုက်နေတဲ့ ဝမ်ရိပေါ်ရဲ့ နောက်ကျောကို သူ အေးအေးဆေးဆေး ကြည့်နေတယ်။ ဒီလူငယ်လေးဟာ ပိန်တယ်လို့ ထင်ရပေမဲ့ ခပ်ပွပွဖြစ်နေတဲ့ သူ့အင်္ကျီအောက်မှာတော့ ဘာတွေရှိလဲဆိုတာ ရှောင်းကျန့်သိတယ်။ သူ ကြည့်နေတဲ့ရှုထောင့်ကနေ အဲ့ဒါတွေကို မြင်နေရတယ်။

လှုပ်ရှားမှုတိုင်းမှာ ထင်းထင်းထွက်လာတတ်တဲ့ လက်မောင်းကြွက်သားတွေကိုကြည့်ပြီး ရှောင်းကျန့်တွေးနေမိတယ်။ ဗိုက်မှာပါ ကြွက်သားတွေ ရှိနေပုံအရ ဘယ်အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်လိုက်မှန်း သူ မသိ။ ကြည့်လို့တော့ တကယ်ကောင်းတယ်။ ပြီးတော့ မိုက်လည်းမိုက်တယ်။

ဝမ်ရိပေါ်က ပူလို့ထင်တယ်။ နံရံကို မှီလိုက်ရင်း အင်္ကျီစကို ဆွဲမပြီး မျက်နှာပေါ်က ချွေးတွေ သုတ်တယ်။ သူ့ပုံစံက အနည်းငယ် မောနေတယ်။ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မေးလာတယ်။

"ဒီလောက်ဆို ရပြီလား?"

ရှောင်းကျန့်က သူ့ခေါင်းကို ငဲ့လိုက်တယ်။ ကြမ်းပြင်ပေါ် တချက်ကြည့်လိုက်ပြီး လိမ္မော်သီးဝါးရင်း ဗလုံးဗထွေး ဖြေလိုက်တယ်။

"ပြီးတောင် ပြီးတော့မယ်"

"သေချာလို့လား? ပြီးမှ ကျနော့်ကို ပြန်လုပ်ခိုင်းမှာမလား"

ရှောင်းကျန့်က လက်ခါပြလိုက်တယ်။

"ရပြီ ရပြီ လက်သွားဆေးတော့ ပြီးရင် လိမ္မော်သီးလာစား"

ဝမ်ရိပေါ်က အနောက်ကိုလှည့်လို့ ရေချိုးခန်းထဲ ဝင်သွားတယ်။ လက်ဆေးပြီးတာနဲ့ ပြန်လာတယ်။ စောစောက ဆိုဖာပေါ်မှာ ခြေကားယား၊ လက်ကားယားလှဲနေတဲ့လူဟာ သူ လာတာကို မြင်တာနဲ့ ဆိုဖာပေါ်မှာ ထထိုင်လိုက်ရင်း လက်ရန်းကိုမှီလို့ လိမ္မော်သီး ခွာနေတယ်။ ခေါင်းငုံ့ထားတာမို့ သူ့ခေါင်းပေါ်က ဗွေလေးကို မြင်နေရပြီး လူကို မထိ ထိချင်အောင် ဆွဲဆောင်နေတယ်။

ရှောင်းကျန့်က လာ ထိုင်လို့ မပြောခင် သူ့ခေါင်းပေါ် ထိတွေ့လာတဲ့ခံစားချက်ကို ရလိုက်တယ်။

You are my _____. ||Completed||Where stories live. Discover now