- 20 -

6.5K 725 63
                                    

ဟိုအတွဲနဲ့ နှုတ်ဆက်လမ်းခွဲပြီးလို့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာတာ အတော်ကြာပြီဆိုတာတောင် ရှောင်းကျန့်မှာ မသွားခင် ဟိုနှစ်ယောက်ရဲ့ သူတို့ကိုကြည့်သွားတဲ့အကြည့်ကို ပြန်တွေးမိတိုင်း ဝမ်ရိပေါ်ကို ရိုက်ချင်နေတုန်းပဲ။

သူ ဝမ်ရိပေါ်ကို စူပုပ်ပုပ်မျက်နှာနဲ့ ကြည့်လိုက်တယ်။ ချက်ချင်းပဲ သူ့အတွေးကို အကောင်အထည်ဖော်လိုက်တယ်။

အရိုက်ခံလိုက်ရတဲ့ဝမ်ရိပေါ်က သူ့ဘက်လှည့်ကြည့်ရင်း မေးလာတယ်။

"စိတ်ဆိုးနေတုန်းလား?"

အဲ့ကောင်လေးရဲ့မျက်နှာမှာ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ဒါပေမဲ့ နားရွက်တွေကတော့ ရဲနေတယ်။ ရှောင်းကျန့် စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။

"တကျောင်းတည်း တက်နေတဲ့လူကို သွားပြောလိုက်ရလား တကယ်လို့ နောက်ထပ် အဲ့ကလေးနဲ့ ကျောင်းမှာ ထပ်ဆုံရင် ဘယ်လိုလုပ်..."

"ခင်ဗျား ဘာတွေကြောက်နေတာလဲ?"

ဝမ်ရိပေါ်က အနောက်ကိုလှည့်ပြီး ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင် နောက်ပြန်လျှောက်ရင်း ဆက်ပြောတယ်။

"သူက ခင်ဗျားရဲ့ ကျောင်းသားမဟုတ်သလို ကျနော့်အတန်းဖော်လည်း မဟုတ်ဘူး အပြင်မှာ သူ လျှောက်ပြောရင်တောင် သူ့ကို ဘယ်သူက ယုံမှာလဲ?"

ရှောင်းကျန့် အံကြိတ်ပြလိုက်တယ်။

"အဲ့ဒါ ပြောလို့ရမလား!"

ဝမ်ရိပေါ် ရှောင်းကျန့်စိတ်ဆိုးနေတာကိုကြည့်ပြီး အူမြူးလာတယ်။ လမ်းလျှောက်နေတာကို ရပ်လိုက်တယ်။

ရှောင်းကျန့်က ဆောင့်အောင့်လျှောက်လာတာမို့ သူနဲ့ ဝင်တိုက်မိမလိုဖြစ်သွားတယ်။

ဝမ်ရိပေါ်က ယိုင်သွားတဲ့ ရှောင်းကျန့်ကို ချော်မလဲအောင် လက်မောင်းကို ထိန်းကိုင်ပေးရင်း တွေးတွေးဆဆပြောလိုက်တယ်။

"တခုခု သတိထားမိလား?"

ရှောင်းကျန့်က သူ့ကို တချက်ကြည့်ပြီး ပြန်ဖြေတယ်။

"ဘာကိုလဲ? နောက်ပြန်လမ်းလျှောက်တာ ကိုယ့်အတွက်ရော သူများတွေအတွက်ပါ အနှောင့်အယှက်ဖြစ်တာကိုလား?"

You are my _____. ||Completed||Where stories live. Discover now