အခုတလော သူနဲ့ တအိမ်တည်းမှာနေတဲ့ ဝမ်ရိပေါ်တယောက် သူ့ကို ပေါ်တင်ကြီး ရှောင်နေမှန်း ရှောင်းကျန့် ခံစားရမိနေတယ်။
ကျောင်းပြန်ဖွင့်တာ ရက် ဘယ်လောက်မှ မရှိသေးဘူး။ တကယ်ဆို ဝမ်ရိပေါ်အနေနဲ့ ကျောင်းဝင်ခွင့်ရတာနဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ကြီးနေရုံပဲ။ ကျောင်းဖွင့်ကာစမို့ အိမ်စာတွေ၊ စာစဉ်တွေ တင်စရာ ဘာမှ မလိုသေးလို့ အလုပ်မရှုပ်သေးဘူး။ ဒါပေမဲ့ ဝမ်ရိပေါ်ရဲ့ အရိပ်အယောင်ကို တနေကုန် မတွေ့ရဘူး။ ရှောင်းကျန့်သာ စောစောမနိုးရင် မနက်စာကိုတောင် အပြင်မှာ စားမယ့်ပုံပဲ။ အိမ်မှာ တနေကုန်ကို မနက်စာစားမယ့်အချိန်ပဲ တွေ့ရတယ်။ နေ့လယ်စာချိန်မှာ မတွေ့ဖြစ်သလို ညစာစားချိန်မှာလည်း မတွေ့ဖြစ်ဘူး။ ဖုန်းခေါ်ရင် မကိုင်သလို ဝီချက်မက်ဆေ့ချ်ပို့ရင်လည်း ပြန်စာမလာဘူး။ ညဆိုရင် ၁၂ နာရီ ထိုးခါနီးမှ ပြန်လာတယ်။ ရှောင်းကျန့်နိုးမှာ စိုးလို့ တံခါးဖြည်းဖြည်းပိတ်ပြီး ခြေဖျားထောက်သွားတယ်။
ရှောင်းကျန့် သူ့ကို ၂ ကြိမ်လောက် လွှတ်ပေးလိုက်သေးတယ်။ ဝမ်ရိပေါ်ကို ဘယ်လိုဖမ်းရမယ်ဆိုတာ သူသိတယ်။ ဝမ်ရိပေါ် ပြန်လာခါနီးအချိန်ကို Alarm ပေးထားတယ်။ အဲ့ဒီ့နောက် အိပ်ရာထပြီး ဆိုဖာမှာ ထိုင်ရင်း ပြန်လာတာကို စောင့်နေလိုက်တယ်။ ရုတ်တရက် ထွက်လာတဲ့အသံတချို့နဲ့အတူ ဝမ်ရိပေါ်ဟာ အမှောင်ထဲမှာ ဆိုဖာပေါ် ငုတ်တုတ်ထိုင်နေတဲ့ ရှောင်းကျန့်ကို မြင်ပြီး လန့်သွားတော့တယ်။
အဲ့ဒီ့တော့ ဆေးသောက်ဖို့ကိစ္စက ဘယ်တော့မှ အချိန်လွဲချော်မသွားဘူး။ ဒါပေမဲ့ နှစ်ယောက်သားကတော့ ပိုပို ဝေးသွားတယ်။ စကားလည်း မပြောဖြစ်သလို တွေ့ရတဲ့အချိန်လည်း ရှားတယ်။ တပတ်မှာ သူတို့နှစ်ယောက်တွေ့ချိန်က တနာရီတောင် မရှိဘူး။
ရှောင်းကျန့်လည်း တဖြည်းဖြည်းနဲ့ ဝိတ်ကျလာတယ်။ ပန်းချီပြပွဲအတွက် အလုပ်ရှုပ်နေရသလို ကျောင်းကိစ္စတွေအတွက်လည်း အလုပ်ရှုပ်နေရတယ်။ ဝမ်ရိပေါ်က သူ့ကို ပေါ်တင်ရှောင်နေတာထက်စာရင် ရှက်စရာကိစ္စတွေကနေ ပုန်းကွယ်နေသလိုပဲ။ တဖြည်းဖြည်းနဲ့ နှစ်ယောက်ကြား ဆက်ဆံရေးဟာ ဟိုအရင်တုန်းကနဲ့ တခြားစီဖြစ်လာတယ်။

YOU ARE READING
You are my _____. ||Completed||
Fiksi Penggemarအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.