- 8 -

7.2K 765 22
                                        

ရှောင်းကျန့် တခါမှ ဒီလောက် မပင်ပန်းခဲ့ဖူးဘူး။

သူ့ခေါင်းဟာ မူးဝေနေတယ်။ သူ့ခြေထောက်တွေ၊ လက်တွေဟာ မလှုပ်နိုင်တော့လောက်အောင်ကို နွမ်းနယ်နေတယ်။ သူ့မှာ နည်းနည်းလေးတောင် မရုန်းနိုင်တော့ဘူး။ မျက်လုံးကို တဝက်မှိတ်ထားရင်း ဝမ်ရိပေါ်ဟာ သူ့ပေါ် အုပ်မိုးလို့ ငုံ့နမ်းလာတာကို ကြည့်နေမိတယ်။ ကိုက်ရာတွေနဲ့ ရဲနေတဲ့ နှုတ်ခမ်းလေးဟာ သူ့ခန္ဓာကိုယ်ပေါ် အနီစက်လေးတွေ ချန်ထားရစ်တယ်။ ရှောင်းကျန့် နည်းနည်းလှုပ်လိုက်တယ်။ သူ့လက်ချောင်းလေးတွေဟာ ဝမ်ရိပေါ်ရဲ့မျက်နှာပေါ် ထိတွေ့နေတယ်။

ဝမ်ရိပေါ်က ဘေးမှာလှဲလိုက်တယ်။ ရှောင်းကျန့်ပေါ် မဖိမိအောင် ကြိုးစားထိန်းရင်း သူ့ရဲ့ အမွေးပွခေါင်းလေးကို ရှောင်းကျန့်ရဲ့လည်တိုင်ထဲ တိုးဝင်တယ်။ ခပ်ဖွဖွ ပွတ်သပ်ပြီးတဲ့နောက် လှုပ်ရှားတာကို ရပ်လိုက်တယ်။

ရှောင်းကျန့်က နာကျင်နေတဲ့အသံနဲ့ ခေါ်လိုက်တယ်။

"ရိပေါ်"

ဝမ်ရိပေါ်က သူခေါ်တာကို မထူးသလို စကားလည်း ပြန်မပြောဘူး။

ရှောင်းကျန့် ခဏလောက် တိတ်ဆိတ်နေလိုက်တယ်။ ပူလောင်တဲ့ခံစားချက်နဲ့အတူ သူ့လည်တိုင်နားမှာ နွေးထွေးစိုစွတ်တဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်။ နွေးထွေးတဲ့အရည်တချို့ဟာ သူ့အသားပေါ်ကို စီးကျလာတယ်။ တစက်ပြီးတစက်...။

ရှောင်းကျန့်ရဲ့ နှလုံးသား တုန်ယင်လာတယ်။

ဝမ်ရိပေါ်တယောက် သူ့ကို အပြင်မှာ လိုက်ရှာရင်း လမ်းပျောက်သွားတဲ့ည။ သူ ဝမ်ရိပေါ်ကို ပြန်ခေါ်လာတဲ့အချိန်မှာ ဝမ်ရိပေါ်က ဘာစကားမှ မပြောခဲ့ဘူး။ အဲ့ဒီ့ညမှာ ဝမ်ရိပေါ်ဟာ သူ့ရင်ခွင်ထဲ တိုးဝင်ငိုတယ်။ သူ့မျက်နှာတခုလုံး မျက်ရည်တွေကြောင့် သန့်စင်သွားတဲ့ထိ ငိုခဲ့တယ်။ အဲ့ကလေးလေးရဲ့ မျက်ရည်တွေကို သုတ်ပေးမိတိုင်း ရှောင်းကျန့်မှာ သေတော့မလိုထိ နာကျင်ခဲ့ရတယ်။

သူ တအားဒေါသထွက်လွန်းတာမို့ လူမိုက်ငှားပြီး ဝမ်ရိပေါ်ကို မဟုတ်က ဟုတ်က ပြောလိုက်တဲ့ သူ့အမျိုးရဲ့ကလေး အိမ်ရှေ့ထိ သွားခဲ့တယ်။ အဲ့ကလေး ထွက်လာတာနဲ့ လမ်းကြားထဲ ဆွဲခေါ်သွားပြီး ထိုးကြိတ်ရိုက်ခဲ့တယ်။ အဲ့ကလေးလေးမှာ မျက်နှာတွေ ဖူးရောင်ရုံတင်မကဘူး။ ရှေ့သွားနှစ်ချောင်းပါ ကျိုးသွားခဲ့တယ်။

You are my _____. ||Completed||Where stories live. Discover now