- 17 -

5.9K 786 90
                                        

ဝမ်ရိပေါ်က အရင်ကထက် ပို တိတ်ဆိတ်သွားတယ်။

ကြည့်ရတာ သူ့မှာ ဘာပြောစရာမှ မရှိတော့ဘူးထင်တယ်။ သူ ကျောင်းကနေ အိမ်မှာ ပြန်လာနေပြီးတဲ့နောက် ကျောင်းကို အတူတူ သွားဖြစ်တယ်။ တယောက်နဲ့တယောက် အချိန်တိုက်ဆိုင်ရင် အတူတူ အိမ်ပြန်ပြီး ထမင်းအတူတူစားတယ်။ ဒါနဲ့များတောင် သူတို့နှစ်ယောက်ကြားမှာ အရင်ကနဲ့ မတူတော့တာကို ရှောင်းကျန့် အသေအချာ ခံစားမိနေတယ်။

ဝမ်ရိပေါ်ဟာ အရင်ကလို သူ အရင်အတန်းပြီးရင် ရှောင်းကျန့်ကို စောင့်နေတာမျိုး မလုပ်တော့ဘူး။ အတန်းမရှိတော့ဘူးဆိုရင် သူ့ဘာသာ အိမ်အရင်ပြန်ရင်ပြန်၊ မပြန်ရင် စကိတ်ဘုတ်စီးနေတတ်တယ်။

ဝေးသွားတာလည်း မဟုတ်သလို နီးလာတာလည်း မဟုတ်ဘူး။

*

ရှောင်းကျန့်ရဲ့ မွေးနေ့မှာ ဝမ်ရိပေါ်က သူ့ကို စောစောလာကြိုတယ်။ မနက်ပိုင်းမှာ မချက်တတ် ချက်တတ်နဲ့ သက်ရှည်ခေါက်ဆွဲ ၂ ပွဲ ချက်ပေးသေးတယ်။ တပန်းကန်က ကြမ်းပေါ် မှောက်ကျလို့ ရှောင်းကျန့်မှာ ဘာမှမတတ်နိုင်တဲ့ပုံနဲ့ ရယ်မောပြီး သန့်ရှင်းရေး လုပ်ပေးခဲ့ရတယ်။

အမြင်မလှပေမဲ့ အရသာတော့ တကယ်ကောင်းပါတယ်။

ရှောင်းကျန့်က အိမ်ပြန်လမ်းပေါ် ကားမောင်းနေရင်း ဝမ်ရိပေါ်ကို မေးလိုက်တယ်။

"အိမ်အစောကြီး ပြန်ပြီး ဘာလုပ်မလို့လဲ?'

ဝမ်ရိပေါ်က ကားပြတင်းမှန်ကို မှီထားတယ်။ သူ့ကို မော့ကြည့်မလာပဲ ဖုန်းဆော့ရင်း ပြန်ပြောတယ်။

"အပြင်မှာ ဘာမှလုပ်စရာမရှိဘူး အဲ့ဒါကြောင့် အိမ်ပြန်တာပဲကောင်းတယ်"

"အိမ်ပြန်လည်း ဘာမှလုပ်စရာ ရှိမှာမဟုတ်ဘူးလေ ညစာကို အပြင်ထွက်စားပြီး ရုပ်ရှင်ကြည့်ကြမလား?"

ဝမ်ရိပေါ်က ဖုန်းကို လက်တဖက်နဲ့ ဆော့ရင်း အဲ့အတိုင်း ထိုင်နေတုန်းပဲ။

"ကြည့်စရာ ရုပ်ရှင်ကောင်းကောင်းလည်း မရှိဘူး"

ရှောင်းကျန့်က သူ့ကို တချက်ကြည့်လိုက်တယ်။

You are my _____. ||Completed||Where stories live. Discover now