ရှောင်းကျန့် သူ့ခါးကို ဖက်ထားတဲ့ ဝမ်ရိပေါ်လက်ကို ခပ်ဖွဖွပုတ်လို့ သူ့ကိုယ်ပေါ်က ဖယ်လိုက်ပြီး အိပ်ရာကနေ ဖြည်းဖြည်းချင်း ထလိုက်တယ်။ နှစ်ယောက်လုံးရဲ့ အဝတ်အစားတွေက ကြမ်းပေါ်မှာ ဟိုတစ ဒီတစ ရှိနေတယ်။ ရှောင်းကျန့်လက်ကောက်ဝတ်မှာ နက်ခ်တိုင်နဲ့ စည်းနှောင်ခံခဲ့ရတဲ့အရာက နီရဲနေတုန်းပဲ။ သွားလေရာ လမ်းတလျှောက်မှာ တွေ့ရတဲ့ပစ္စည်းတွေကို ခြေထောက်နဲ့ ဘေးကန်ထုတ်ရင်း ရေချိုးခန်းရှိရာ သွားလိုက်တယ်။
ရေနွေးနွေး ဖြည့်ပြီးတဲ့နောက် ဖြည်းဖြည်းချင်း ဝင်ထိုင်တယ်။ မျက်လုံးမှိတ်လိုက်တယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခဏလောက် ရှိနေပြီးတဲ့နောက် ရေချိုးခန်းထဲ ဝင်လာတဲ့ ခြေသံကို ကြားရတယ်။ ရှောင်းကျန့်က မလှုပ်ပဲ ဒီအတိုင်းနေနေတယ်။ ဝမ်ရိပေါ်က ရေချိုးကန်ထဲ ဝင်လာတဲ့အခါ ရေတွေ ဘေးကို လျှံကျကုန်တယ်။ ဝမ်ရိပေါ်က သူ့နားကို ကပ်လာပြီး ခါးကို ဘေးတိုက်ဖက်လိုက်ရင်း သူ့လက်ဖဝါးနဲ့ ခပ်ဖွဖွ လိုက်ပွတ်သပ်တယ်။
ရှောင်းကျန့် ခပ်တိုးတိုးမေးလိုက်တယ်။
"စိတ်ဆိုးတာ ပျောက်သွားပြီလား?"
ဝမ်ရိပေါ်က ခဏရပ်သွားတယ်။ ပြီးတော့ ပြန်ဖြေတယ်။
"ကျနော် စိတ်မဆိုးပါဘူး"
"အင်းပါ"
ရှောင်းကျန့်ရဲ့ နှုတ်ခမ်းထောင့်လေးက အပေါ်ကို ကွေးညွတ်တက်သွားတယ်။
"အဲ့ဒါဆိုလည်း ပြီးရော"
သူ ဝမ်ရိပေါ်ကို စကားပြောနေတာပဲ။ ဒါပေမဲ့ မျက်လုံးကိုတော့ မှိတ်ထားလျက် ရှိနေတုန်းပဲဖြစ်တယ်။ သူ့လည်ပင်းက သွားကိုက်ရာဟာ ရေနွေးနွေးကြောင့် ပိုပြီးတော့ ထင်းလာတယ်။
ဝမ်ရိပေါ် ခဏလောက် တိတ်ဆိတ်နေပြီးမှ ခပ်သွက်သွက် ပြောလိုက်တယ်။
"ခင်ဗျား တမင်လုပ်တာမလား ဟုတ်တယ်မလား?"
ရှောင်းကျန့်ရဲ့ တကိုယ်လုံးက ရေထဲ မြုပ်နေတယ်။ သူ အိပ်ပျော်တော့မယ်။ ရုတ်တရက် ဝမ်ရိပေါ်ဆီက မေးခွန်း ကြားလိုက်ရတဲ့နောက် ခဏလောက် နားမလည်ဖြစ်သွားတယ်။ ပြီးမှ ပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လို့ ပြောလိုက်တယ်။

YOU ARE READING
You are my _____. ||Completed||
Fanfictionအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.