- 14 -

5.6K 668 15
                                        

"ငါလိုချင်ရဲ့လားဆိုတာကို မင်းမေးခဲ့ဖူးလား?"

ရှောင်းကျန့်ရဲ့ ကြည့်ကောင်းတဲ့မျက်ခုံးတွေမှာ အေးစက်မှုတွေ ရှိနေတယ်။

"မင်း ငါ့အတွက်ရော တွေးပေးခဲ့ဖူးလား?"

"မင်းရဲ့ စိတ်မလုံခြုံမှုကို ငါ ဖြည့်ဆည်းပေးနိုင်တယ် မင်းတောင်းဆိုသမျှကိုလည်း ငါ လိုက်လျောပေးနိုင်တယ် အဲ့လိုမျိုးက ငါတို့နှစ်ယောက်လုံးအတွက် သင့်တော်တာ မဟုတ်ဘူးလား? မင်း ဒီလိုမျိုး လုပ်ကို လုပ်ရမှဖြစ်မှာလား?"

ဝမ်ရိပေါ်က သူ့လက်ကို လွှတ်ပေးပြီး ဖြည်းဖြည်းချင်း ထထိုင်တယ်။

ရှောင်းကျန့် အိပ်ရာကို တံတောင်ဆစ်နဲ့ လက်နောက်ပြန်ထောက်ရင်း တဝက်ထိုင်လိုက်တယ်။ မျက်လွှာကို ငုံ့ကြည့်ရင်း ခပ်ဟဟ ရယ်တယ်။

"ငါက မင်းအဖေရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တယ်လို့ မင်း ထင်နေလား?"

ဝမ်ရိပေါ် သူ့အောက်က စောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။

သူ့ပါးစပ်ကို ဖွင့်ပြီး တခုခု ပြောမယ်ပြင်တယ်။ သူ့လေသံတွေက ခြောက်သွေ့နေတယ်။

"ကျနော်..."

"ဝမ်ရိပေါ်"

ရှောင်းကျန့်က သူ့အနားတိုးလာတယ်။ သူ့မျက်နှာပေါ်မှာ ဝမ်ရိပေါ် အရင်က တခါမှ မမြင်ဖူးခဲ့တဲ့ စိမ်းကားမှုတွေကို တွေ့ရတယ်။ ပြီးတော့ စကားကို တလုံးချင်းစီပြောတယ်။

"နောက်ပိုင်းမှာ မင်းလိုချင်သလို ဖြစ်မလာတဲ့ကိစ္စတွေ ရှိနေခဲ့မယ်ဆိုရင် မင်း ဘာလုပ်မလဲ?"

ဝမ်ရိပေါ်နှုတ်က စကားတချို့ ထွက်ကျလာတယ်။

"ကျနော့်မှာ မရှိ..."

"မရှိဘူးလား?"

ရှောင်းကျန့် နှုတ်ခမ်းထောင့်လေးတွေ အပေါ်ကို ကွေးတက်သွားတယ်။ သူ့အပြုံးမှာ နာကျင်မှုတွေ ရောစွက်နေတယ်။

"ငါ ဒါမျိုးမလုပ်ချင်ပါဘူးလို့ ပြောနေတယ် မင်း ကြားရဲ့လား?"

"ငါ မင်းကို ငါ့ညီတယောက်လိုပဲ သဘောထားတယ်လို့ ပြောနေတယ် မင်း နားထောင်ခဲ့ရဲ့လား?"

You are my _____. ||Completed||Where stories live. Discover now