- 9 -

6.8K 796 34
                                        

စောစောက ဝမ်ရိပေါ် ဝယ်လာတဲ့အထုပ်ဟာ အမှိုက်ပုံးထဲကို စွန့်ပစ်ခြင်း ခံလိုက်ရတယ်။ ရှောင်းကျန့်က အိပ်ရာကို မှီထားရင်း ဖုန်းကြည့်နေတယ်။ သူ့ကျောအောက်မှာတော့ ဝမ်ရိပေါ်က ခေါင်းအုံး ၂ လုံး ခုထားပေးတယ်။ ဖုန်းထဲကနေ အိမ်ကို မှာစားလို့ရမယ့်ဆိုင်တွေ လိုက်ကြည့်နေတယ်။ သူ့အနေနဲ့ ဝမ်ရိပေါ်ရဲ့ သဘောထားကို မေးစရာမလိုဘူး။ ဘာပဲပြောပြော ဒီကလေး ဘာကြိုက်တတ်လဲဆိုတာ သူ သိပြီးသားမို့လို့ မှာစရာရှိတာမှာပြီးတာနဲ့ ငွေရှင်းလိုက်တယ်။ သူ ဖုန်းကို ချလိုက်တဲ့အချိန်မှာ ဝမ်ရိပေါ်ဟာ လက်ထဲမှာ တခုခုယူလာပြီး အခန်းထဲ ဝင်လာတာကို မြင်လိုက်ရတယ်။

ဝမ်ရိပေါ်က အိမ်နေရင်း ချည်သားအင်္ကျီအဖြူ ဝတ်ထားတယ်။ သူ့နဖူးမှာ ဆံစအချို့ အုပ်ကျနေတယ်။ အပြစ်ကင်းစင်ပြီး အန္တရာယ် မပေးနိုင်တဲ့ပုံစံလေး။ ရှောင်းကျန့်အနားကို လျှောက်လာတဲ့နောက် သူ့လက်ထဲ ဘာကိုင်ထားတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ဆိုင်ကယ်အသင်းဝင်ကြောင်း သတိပေးစာပါပဲ။

ဝမ်ရိပေါ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ သူ့အပြုံးကြောင့် သူ့ပါးမို့နှစ်ဘက်က အပေါ်ကို မို့တက်နေတယ်။ လည်ချောင်းတချက်ဟန့်လိုက်ပြီးနောက် မေးလာတယ်။

"...ဒီဟာ ဘယ်တုန်းက ရလာတာလဲ?"

ရှောင်းကျန့် သူ့လက်ထဲက စာကို ကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ ရောထွေးတဲ့ခံစားချက်တွေ ရှိနေတယ်။ တကယ်ဆို ဒီအသင်းဝင်ကြောင်း သတိပေးစာဟာ ဝမ်ရိပေါ်ရဲ့ မွေးနေ့မှာ Surprise အဖြစ် ရှာတွေ့စေချင်တဲ့လက်ဆောင်ပါပဲ။

ရှောင်းကျန့်ရဲ့အသံက နည်းနည်းတိုးတယ်။

"အကူအညီ နည်းနည်းတောင်းလိုက်ရုံပါ"

ခဏလောက် ရပ်ပြီးမှ ဆက်ပြောတယ်။

"ဆိုင်ကယ်အသင်းဝင်ပြီး လေ့ကျင့်ရုံပဲ အသင်းမှာ ဆက်နေ မနေကတော့ မင်းသဘောပေါ့... သိပ်ပြီး ကြီးကြီးမားမား မဟုတ်ဘူး"

ဒီစကားတွေပြောရင်း ရှောင်းကျန့်ရဲ့ အာရုံတွေ ပြန့်သွားရတယ်။

You are my _____. ||Completed||Where stories live. Discover now