- 24 -

5.7K 672 68
                                    

အတန်းဖော်ကောင်လေးကို နောက်တခေါက် ထပ်တွေ့ရချိန်မှာ ဝမ်ရိပေါ်က သေချာပေါက် မျက်နှာကောင်းမပြဘူးပေါ့။ အဲ့ကောင်လေးက သူ့ကို သတိနဲ့ တချက်ကြည့်တယ်။ သတိထားမိတဲ့နောက် သူ့မျက်နှာကို စာအုပ်နဲ့ တိတ်တိတ်လေးကာပြီး တဖြည်းဖြည်း ပြန်လှည့်သွားတယ်။

ဝမ်ရိပေါ်က ဆရာ့မျက်စိအောက်မှာပဲ ဖုန်းကို ခုံအောက်ထားပြီး ရှောင်းကျန့်ဆီ စာပို့လိုက်တယ်။ ပိတ်ရက် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲဆိုတဲ့အကြောင်း။ ရှောင်းကျန့်ဆီက စာ ချက်ချင်း ပြန်လာတယ်။ ညနေကျ သူ အတန်းပြီးတာနဲ့ လာကြိုမယ်တဲ့။

သူ့နှုတ်ခမ်းထောင့်လေးတွေ ကွေးညွတ်တက်သွားတဲ့အချိန်မှာပဲ ရှောင်းကျန့်ဆီက နောက်ထပ် စာဝင်လာတယ်။

[စာသေချာသင် ဖုန်းဆော့မနေနဲ့]

လိပ်ပြာမလုံစွာနဲ့ သူ့နှာခေါင်းကို တို့လိုက်တယ်။ ပထမဆုံးအနေနဲ့ ဟို ဒီတွေးမနေပဲ စာကို သေချာလိုက်နားထောင်ဖြစ်တယ်။ အတန်းပြီးတာနဲ့ ရှောင်းကျန့်ဆီ နေ့လယ်စာ သွားစားဖို့ ပြင်တယ်။ ထင်တဲ့အတိုင်းပဲ။ ဟိုကောင်လေးက သူ့ကို တားလာပြန်တယ်။

ဝမ်ရိပေါ် သူ့ခုံပေါ် နောက်ပြန်မှီလိုက်ပြီး ခပ်အေးအေးစတိုင်နဲ့ ခြေထောက်တဖက် ကွေးလိုက်တယ်။ အတန်းထဲက တခြားကျောင်းသားတွေက သူတို့ကို ခိုးကြည့်နေကြတယ်။ သူ မေးလိုက်တယ်။

"တခြား ဘာပြောချင်သေးလို့လဲ?"

သူ့ပုံစံကို ကြည့်ပြီး ကောင်လေးက သူ အစပိုင်း ပြောဖို့ပြင်ထားတဲ့စကားတွေကို ပြန်မြိုချတယ်။ ပြီးတော့ အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလိုက်တယ်။

"ငါ ငါ ငါ မင်းကို တောင်းပန်ချင်လို့"

ဝမ်ရိပေါ်ရဲ့ မျက်ခုံးလေးတွေ မြင့်တက်သွားတယ်။

"တောင်းပန်မယ်?"

ကောင်လေးက ခပ်တိုးတိုးပြောတယ်။

"ငါ တောင်းပန်ပါတယ်... ငါ အဲ့စကားတွေ မပြောခဲ့သင့်ဘူး"

ဝမ်ရိပေါ် အဲ့ကောင်လေးကို စိုက်ကြည့်နေရင်း သူ့ပခုံးကို တဖြည်းဖြည်း ဖြေလျှော့ချလိုက်တယ်။

You are my _____. ||Completed||Where stories live. Discover now