- 18 -

6.6K 747 135
                                        

ဝမ်ရိပေါ် အိပ်ရာပေါ်မှာ ထိုင်နေတာ နည်းနည်းကြာသွားပြီ။

ရှောင်းကျန့်က သူ့ကို ကျောပေးထားရင်း ပုံးထဲကနေ အင်္ကျီတွေ တထည်ချင်းစီထုတ်လို့ ချိတ်မှာချိတ်တယ်။ ပါးစပ်ကလည်း ပွစိပွစိ ဆူနေသေးတယ်။ ခါတိုင်း မမြင်ဖူးတဲ့ပုံစံကိုမှ ကြောင်ပေါက်လေး စိတ်ဆိုးနေတာနဲ့တောင် တူသေးတယ်။ ကြောက်ဖို့မကောင်းတဲ့အပြင် ပွတ်သပ်ပေးချင်စိတ်တွေ ပေါ်လာစေတယ်။

"ကျနော်..."

ရှောင်းကျန့်က နောက်လှည့်ပြီး လက်ထဲက အင်္ကျီနဲ့ ပစ်ပေါက်လိုက်တဲ့အခါ ဆွယ်တာအင်္ကျီက ဝမ်ရိပေါ်ရဲ့ ခေါင်းပေါ်ကျလာတယ်။

"တခြားဘာပြောချင်သေးလို့လဲ?"

ဝမ်ရိပေါ်က မနိုင်ဘူးဆိုတဲ့ပုံလေးနဲ့ ပြုံးတယ်။

"ကျနော် ကိုယ့်ဘာသာကိုယ် လုပ်လိုက်ပါ့မယ်"

"ကိုယ့်ဘာသာကိုယ် ချီးပဲလုပ်! ဒီပစ္စည်းတွေ ကျောင်းယူသွားလိုက် အိမ်ပြန်ယူလာလိုက်နဲ့ ခုလည်း ဒါတွေ လုပ်ချင်သေးတာလား?"

ရှောင်းကျန့် အင်္ကျီနောက်တထည်ထုတ်ပြီး ဝမ်ရိပေါ်ရှိရာ ပစ်လိုက်ပြန်တယ်။

"တကယ်စိတ်ဆိုးတယ်!"

ဝမ်ရိပေါ် လက်လှမ်းလို့ သူ့အင်္ကျီတွေကို ဆွဲယူပြီး ထောင့်ကပ်ထားလိုက်ရင်း ပြောလိုက်တယ်။

"စိတ်မဆိုးပါနဲ့တော့"

"စိတ်မဆိုးရဘူး ဟုတ်လား?!"

ရှောင်းကျန့်က သူ့အသံကို မြှင့်လို့ တတွတ်တွတ်ပြောတယ်။

"မင်းပြောကြည့် ငါစိတ်မဆိုးပဲ ဘယ်လိုနေမလဲလို့? မင်းက အရမ်းတော်တာပဲနော် တိတ်တိတ်လေး လုပ်သွားတာ ငါသာ ဒီနေ့ မင်းအခန်းကို လာမကြည့်ဖြစ်ခဲ့ရင်၊ ဒုတိယအကြိမ်မြောက် သေချာမကြည့်ခဲ့မိရင် သေချာပြီ အဲ့ဒီ့အချိန်ပဲ--!"

စိတ်ဆိုးမာန်ဆိုးနဲ့ အင်္ကျီတွေ ဆွဲထုတ်ပြီး ဝမ်ရိပေါ်ရှိရာ ပစ်ပေါက်တယ်။

"မင်းကိုယ်မင်း ပြန်မေးကြည့်! မင်းက ငါနဲ့ ထိုက်တန်ရဲ့လားလို့!"

ဝမ်ရိပေါ်က ညင်ညင်သာသာ ပြန်ပြောတယ်။

"ကျနော်က ခင်ဗျားနဲ့ဆက်နေရင် ဒီ့ထက်ပို စိတ်မကောင်းစရာတွေ ထပ်လုပ်မိမှာ စိုးလို့ပါ"

You are my _____. ||Completed||Where stories live. Discover now