- 3 -

10.1K 1K 31
                                        

ဝမ်ရိပေါ် အခန်းသန့်ရှင်းရေးလုပ်နေချိန်မှာ ဒီကောင်လေး ဘာလို့ ဒီလိုဖြစ်သွားရတာလဲဆိုတာကို သူ သေချာ စဉ်းစားကြည့်နေမိတယ်။ မွေးနေ့မရောက်ခင် ပထမညတုန်းကတောင် သူတို့နှစ်ယောက် နောက်ရက် ဘာလုပ်ရမလဲဆိုတာတွေကို အကြမ်းဖျဉ်း ဆွေးနွေးခဲ့ကြသေးတယ်။ အဲ့တုန်းက ဝမ်ရိပေါ်ဟာ သူ့လက်ကို ခပ်ဖွဖွကိုင်လို့ ကလေးလေးတယောက်လို ညင်ညင်သာသာလေး ပြုံးပြပြီး အရာအားလုံးအဆင်ပြေသွားမှာပါလို့ ပြောခဲ့တယ်။

နှစ်တိုင်း နှစ်တိုင်းလည်း ဒီလိုပဲ။ သူ့သူငယ်ချင်းတွေရှေ့မှာ‌တောင် ရှောင်းကျန့်ဟာ ဒီကလေး ဘယ်လိုလိမ္မာကြောင်း၊ ဘက်စုံတော်တဲ့သူဖြစ်ကြောင်း အမြဲချီးမွမ်းခန်း ထုတ်ခဲ့တာချည်းပဲ။ Introverted တယောက်ဖြစ်လို့ စကားနည်းတာကလွဲရင် ခင်မင်သွားတဲ့နောက်ပိုင်း အဆင်ပြေအောင် ပေါင်းတတ်တဲ့လူမျိုးဖြစ်ကြောင်း သူ့မှာ ကာကွယ်ပြောခဲ့တယ်။

ဝမ်ရိပေါ်က သူ့ရှေ့မှာ တကယ်လိမ္မာပြီး တာဝန်သိတဲ့ကလေးတယောက်ပါပဲ။

ရှောင်းကျန့်အိမ်ကို ရောက်လာတဲ့ပထမဆုံးနေ့ကစပြီး သူ့ကို အခက်တွေ့အောင် လုပ်ခဲ့တာမျိုး မရှိခဲ့ဘူး။

ဘာပဲပြောပြော ဝမ်ရိပေါ်ဟာ သူ့သူငယ်ချင်းရဲ့သားမို့ သူအနေနဲ့ ဝမ်ရိပေါ်ကို သူ့သားအရင်းလို သဘောထားခဲ့တယ်။

ဝမ်ရိပေါ်ဟာ အိပ်ရာပေါ်က အိပ်ရာခင်းတွေ လဲပြီးတာနဲ့ ခုံပေါ်မှာ စောင်ပတ်ထိုင်နေတဲ့ ရှောင်းကျန့်ကို လာခေါ်တယ်။ အိပ်ရာအစွန်းမှာ ညအိပ်ဝတ်စုံ တင်ထားတာကို တွေ့ရတယ်။

"အင်္ကျီမဝတ်နဲ့ဦး"

ရှောင်းကျန့် မျက်မှောင်ကြုတ်လိုက်တယ်။

"ဘာသဘောလဲ?"

အခုချိန်မှာ ဝမ်ရိပေါ်ဟာ ညအိပ်ဝတ်စုံ ဝတ်ထားပြီး သူ့ရှေ့မှာ ရပ်နေတယ်။ ဒါပေမဲ့ သူ့မှာတော့ အဝတ်မရှိပဲ အဲ့ဒီ့ရှက်စရာကောင်းတဲ့ အမှတ်အသားတွေကို စောင်ပါးလေးနဲ့သာ လျော့တိလျော့ရဲ ဖုံးအုပ်ထားရတယ်။

ဝမ်ရိပေါ်ဟာ သူ့အိတ်ထဲက ပရုတ်ဆီလို ဆေးဘူးလေးကို ထုတ်လိုက်ပြီး ရှောင်းကျန့်ကို အဓိပ္ပါယ်ပါပါကြည့်တယ်။ မျက်နှာပေါ်မှာတော့ အမူအရာဖျော့ဖျော့ကို မြင်နေရတယ်။

You are my _____. ||Completed||Where stories live. Discover now