- 4 -

9.1K 923 14
                                        

သန့်ရှင်းရေးလုပ်ပေးတာ အချိန်ကြာသွားလို့ထင်တယ်။ နေ့လယ်ပိုင်းလောက်ကစပြီး ရှောင်းကျန့်အသားတွေ ပူလာတယ်။ အခန်းတံခါး လော့ချပြီးတာနဲ့ အိပ်ခန်းထဲမှာ နေတယ်။ ဝမ်ရိပေါ်ဟာ တံခါးဝမှာ ရပ်လို့ ခဏလောက် တိတ်တိတ်လေး ရပ်နေလိုက်သေးတယ်။ အဲ့ဒီ့နောက် ဧည့်ခန်းထဲကို လှည့်ပြီး သော့ပိုသွားယူတယ်။

ရှောင်းကျန့်မှာ အိပ်တဝက် နိုးတဝက်ဖြစ်နေတယ်။ နွေရာသီဆိုပေမဲ့ သူ့မှာ ချမ်းပြီး တုန်နေတာမို့ စောင်ထဲမှာ ကွေးကွေးလေးလုပ်နေတယ်။ သူ့ရဲ့ ချွေးစေးတွေ ပြန်နေတဲ့နဖူးဟာ ဆံပင်တွေနဲ့ ကပ်နေတယ်။ သူ့ပုံစံက သနားစရာကောင်းနေပေမဲ့ အံကို တင်းတင်းကြိတ်ထားတယ်။ ကိုယ်ကို စောင်ထဲ တင်းကြပ်ပြီးရင်း တင်းကြပ်လိုက်တယ်။

အဖြစ်အပျက်တွေဟာ သူ့အာရုံထဲမှာ အရိပ်တွေလို တခုပြီး တခုပေါ်လာပြီး ကပြောင်းကပြန်တွေ ဖြစ်နေတယ်။

ရှောင်းကျန့်ဟာ ငယ်စဉ်ဘဝကတည်းက အဆင်ပြေ ချောမွေ့တဲ့ဘဝကို ဖြတ်သန်းလာခဲ့တယ်။ ဝမ်ရိပေါ် သူ့ဘဝထဲကို ရုတ်တရက်ဝင်လာပြီး ကြီးလေးတဲ့တာဝန်တခု သူ့ပခုံးပေါ် ရောက်လာတဲ့အထိပဲ။ သူ့မှာ ရည်းစားတောင် မထားဖူးသေးချိန် ဒီ အရွယ်ရောက်ခါနီးကလေးအတွက် အဖေဆိုတဲ့တာဝန်ကို ရုတ်ချည်းယူခဲ့ရတယ်။

အခုထိလည်း တော်နေဆဲကလေးတယောက်ပါပဲ။

သူ့ဆွေမျိုးတွေရဲ့ ကလေးတွေ၊ သူ့သူငယ်ချင်း၊ ဒါမှမဟုတ် သူ့ကျောင်းက ဆရာတွေရဲ့ သားသမီးတွေနဲ့ ယှဉ်တဲ့အခါတိုင်း ဒီကလေးရဲ့ မွေးရာပါ သူများထက်အေးတဲ့ စိတ်နေစိတ်ထားကြောင့် သူ မျက်နှာသာ ရခဲ့တာချည်းပဲ။

ရှောင်းကျန့်မှာ ဒီအသက် ၁၂ နှစ်အရွယ်ကလေးနဲ့ ဘယ်လို သင့်တင့်အောင် ဖြတ်သန်းရမှန်း မသိခဲ့ဘူး။ အဲ့အသက်အရွယ်ကလေးတော်တော်များများက ဆိုးရင်ဆိုး၊ မဆိုးရင်တောင် စကားနားထောင်တာ ရှားတယ်မလား။ ဒါပေမဲ့ ဒီကလေးဟာ တာဝန်သိတဲ့ကလေးဖြစ်တယ်။ သူ့မိဘတွေကြောင့် အရမ်း အရမ်းကို သိတတ်တယ်။ သူ ရောက်လာတဲ့ ပထမဆုံးနေ့နောက်ပိုင်းကစပြီး ရှောင်းကျန့်နောက်ကို ခွေးပေါက်လေးတကောင်လို တကောက်ကောက် လိုက်နေခဲ့သူဖြစ်တယ်။

You are my _____. ||Completed||Where stories live. Discover now