ဝမ်ရိပေါ်ရဲ့မွေးနေ့ပြီးကတည်းကဆိုရင် ဒီညဟာ ရှောင်းကျန့်အတွက် စိတ်အချမ်းသာရဆုံးနဲ့ အအေးချမ်းဆုံးသော အိပ်စက်ရခြင်းပဲ။ အိပ်မက်မက်တာမျိုး၊ လန့်နိုးတာမျိုး ဘာမှမရှိဘူး။ သူ မျက်လုံးဖွင့်လိုက်တဲ့အချိန် သူ့ဘေးမှာ ဝမ်ရိပေါ်ရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကို မြင်ရတယ်။ ဆံပင်ပျော့ပျော့တွေဟာ နဖူးပေါ်မှာ ဖုံးအုပ်နေတယ်။ ရှောင်းကျန့် သူ့လက်ချောင်းလေးတွေနဲ့ တဖက်လူရဲ့ မျက်တောင်ဖျားတွေကို တို့ထိကြည့်တဲ့အခါ မျက်တောင်လေးတွေ လှုပ်ခတ်လာတယ်။
နိုးသွားပြီဖြစ်တယ်။
ရှောင်းကျန့် ထထိုင်လိုက်တယ်။ စောင်လှန်လိုက်ပြီး အိပ်ရာပေါ်က ခြေထောက်ချလို့ ဖိနပ်စီးလိုက်တယ်။ ပြီးတော့ သက်တောင့်သက်သာ မေးလိုက်တယ်။
"မနက်စာ ဘာစားချင်လဲ?"
ဝမ်ရိပေါ်က စောင်ကို သူ့မျက်နှာပေါ် ဖုံးအုပ်လိုက်ရင်း ပျင်းတိပျင်းတွဲ ဖြေလာတယ်။
"မစားချင်ဘူး"
စောင်အောက်က လက်တဖက်ထွက်လာတယ်။ ဒီလူငယ်လေးရဲ့ အရိုးအဆစ်တွေဟာ တကယ်အနေတော်ပဲ။ သန်မာပြီး ကြည့်လို့ကောင်းတယ်။ အဲ့လက်က ရှောင်းကျန့်ရဲ့ လက်ကောက်ဝတ်ကို လာဆုပ်ကိုင်ပြီး ဆွဲခေါ်တယ်။
သူ့လက်ကောက်ဝတ်ကို ဆွဲခေါ်တဲ့လက်နောက် အလိုက်သင့်ပါသွားရင်း ရှောင်းကျန့် မေးလိုက်တယ်။
"ဘာလုပ်တာလဲ?"
ဝမ်ရိပေါ်က သူ့ရဲ့ အင်္ကျီစကို ဆွဲထားပြီး မျက်လုံးမဖွင့်ပဲ ခပ်ဖွဖွ ရေရွတ်တယ်။
"ခဏလောက် အတူတူ ထပ်အိပ်ရအောင်"
ရှောင်းကျန့် : ဟေး ယားတယ်ဟ။
ဖိနပ်ချွတ်လိုက်ပြီး အိပ်ရာထဲ ပြန်ဝင်လိုက်တယ်။
"အိုခေ"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ခါးကို ဝိုက်ပြီး တင်းတင်း ဖက်ထားတယ်။ အဲ့ဒီ့နောက် သူ့လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွ လိုက်ပွတ်သပ်နေတယ်။ မျက်လုံးမှိတ်ထားရင်း မေးလိုက်တယ်။
"မနက်ပိုင်း သင်ရမယ့်အတန်းရှိလား?"
"မရှိဘူး"
YOU ARE READING
You are my _____. ||Completed||
Fiksi Penggemarအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.